သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မသင်္ကာသူ သေနတ်သမားကို ဒိန်းမတ်ရဲပစ်သတ်


ကိုပင်ဟေဂင်မြို့က သေနတ်ပစ်မှုဖြစ်ပွားပြီး လူသေဆုံးရာနေရာကို စုံစမ်းစစ်ဆေးရေးဝင်နေစဉ်။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၅)
ကိုပင်ဟေဂင်မြို့က သေနတ်ပစ်မှုဖြစ်ပွားပြီး လူသေဆုံးရာနေရာကို စုံစမ်းစစ်ဆေးရေးဝင်နေစဉ်။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၅)

Demark နိုင်ငံ Copenhagen မြို့မှာ စနေနေ့က လူနှစ်ယောက်ကို သတ်ဖြတ်ခဲ့သူလို့ မသင်္ကာသူ အမျိုးသားတယောက်ကို ရဲက ပစ်သတ်ခဲ့ပါတယ်။

စနေနေ့က ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်က အဆိုးမြင်ဝါဒီတို့ရဲ့ Demark နိုင်ငံအပေါ် အကြမ်းဖက်မှုဖြစ်တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

Demark နိုင်ငံမှာ မွေးဖွားတဲ့ အသက် ၂၂ နှစ်အရွယ် မသင်္ကာသူ သေနတ်သမားဟာ မီးရထားဘူတာရုံတခုနားမှာ တနင်္ဂနွေနေ့အစောပိုင်းက ရဲအရာရှိတယောက်ကို စတင်ပစ်ခတ်ခဲ့တဲ့အတွက် သူ့ကို ပြန်ပစ်ရာမှာ သေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီသေဆုံးသွားသူဟာ အကြမ်းဖက်မှု၊ လက်နက်ဆိုင်ရာ ချိုးဖောက်မှုတို့နဲ့ အရင်ထဲက ပြစ်မှုမှတ်တမ်းရှိသူဖြစ်တယ်လို့ ရဲကပြောပါတယ်။ စနေနေ့တုန်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုဆိုင်ရာ စုဝေးပွဲတခုမှာ ပစ်ခတ်မှုနဲ့ Copenhagen ဂျူးဘာသာရေးဝတ်ပြုကျောင်းတခုမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေမှာ တခြားသေနတ်သမားတွေ ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားတော့ မတေ့ွရဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေနတ်သမားဟာ အစ္စလာမ်အစွန်းရောက်ဝါဒကို ယုံကြည်နေသူဖြစ်တယ်လို့ ယုံကြည်ရကြောင်း Demark ထောက်လှမ်းရေး အကြီးအကဲက ပြောပါတယ်။

ပြည်သူတွေ သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ban Ki Moon က အပြစ်တင်ခဲ့ပါတယ်။ Copenhagen မြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုဟာ ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့မှုတွေလိုပဲ ဝမ်းနည်းစရာဖြစ်တယ်လို့ ပြင်သစ်တာဝန်ရှိသူတွေကလည်း ပြောကြားခဲ့ပါတယ်။ ဂျာမနီနိုင်ငံက ဘဟောင်းရွှက် (Braunschweig ) မြို့မှာလည်း အစ္စလာမ်အစွန်းရောက်တို့ တိုက်ခိုက်မယ့်အန္တရာယ် ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပြီး တနင်္ဂနွေနေ့က ကျင်းပဖို့စီစဉ်ထားတဲ့ Carnival ပွဲတော်ကို ဖျက်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG