သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ် ရဟန်းမင်းကြီး တူရကီရောက်


Popeရဟန်းမင်းကြီး Francis နဲ့ တူရကီ သမ္မတ Recep Tayyip Erdogan ။
Popeရဟန်းမင်းကြီး Francis နဲ့ တူရကီ သမ္မတ Recep Tayyip Erdogan ။

ပုပ်ရဟန်းမင်းကြီး Francis ဟာ သူ့ရဲ့ ၃ ရက်ကြာ တူရကီနိုင်ငံကို ဒီကနေ့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းရဲ့ ဒီခရီးစဉ်ဟာ မူဆလင်ခေါင်းဆောင်တွေနဲ့ ဆက်ဆံ ခိုင်မာ ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်တယ်လို့ Vatican မြို့တော်က ပြောပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogan ၊ ဘာသာရေးခေါင်းဆောင် Mahmet Gormez တို့နဲ့ ပုပ်ရဟန်းမင်းကြီး တွေ့ဆုံတဲ့အချိန် ဘာသာရေးအရ သည်းခံနိုင်မှုနဲ့ ဘာသာရေး အစွန်းရောက်တွေကို တိုက်ခိုက်မှုတွေဟာ ထိပ်တန်းက ပါဝင်မယ့်အကြောင်း သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ တူရကီနိုင်ငံဟာ မူဆလင် အများစုနေထိုင်တဲ့ တိုင်းပြည်လည်း ဖြစ်ပါတယ်။

ဒီဒေသကို ပုတ်ရဟန်းမင်းကြီး အရင်သွားခဲ့တဲ့ ခရီးစဉ်တွေမှာ ပြုလုပ်ခဲ့သလို ဒုက္ခသည်တွေအဖွဲ့တွေနဲ့ တွေ့ဆုံတာမျိုးတော့ လုပ်မှာမဟုတ်ဘူးလို့ Vatican က ပြောပါတယ်။

XS
SM
MD
LG