သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှလူငယ်တွေ တက်ကြွနိုးကြားဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း


Haemieupseong ခံတပ်မှာ အာရှလူငယ်နေ့ အထိမ်းအမှတ်ပွဲ အမှာစကားပြောနေတဲ့ ပုပ်ရဟန်းမင်း ဖရန်စစ်၊ (သြဂုတ် ၁၇၊ ၂၀၁၄)
Haemieupseong ခံတပ်မှာ အာရှလူငယ်နေ့ အထိမ်းအမှတ်ပွဲ အမှာစကားပြောနေတဲ့ ပုပ်ရဟန်းမင်း ဖရန်စစ်၊ (သြဂုတ် ၁၇၊ ၂၀၁၄)

တောင်ကိုရီးယားနိုင်ငံမှာ ကက်သလစ်ဘာသာဝင် လူငယ်ထောင်ပေါင်းများစွာနဲ့အတူ တနင်္ဂနွေနေ့မှာ ဝတ်ပြုဆုတောင်းပွဲကျင်းပတော့
ပုပ်ရဟန်းမင်းကြီး Fancis က လူထုပရိသတ်ကို နိုးကြားကြဖို့၊ သတိရှိကြဖို့ တိုက်တွန်းသွားပါတယ်။

၅ ရက်တာ အာရှခရီးစဉ်ရဲ့ ၄ ရက်မြောက်နေ့ တနင်္ဂနွေနေ့မှာ တောင် Chungcheong ပြည်နယ် Haemieupseong ခံတပ်မှာ အာရှလူငယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ပုပ်ရဟန်းမင်းကြီးက ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေအစောပိုင်းမှာတော့ အာရှတလွှားက ကတ်သလစ် ခရစ်ယာန် ဘုန်းတော်ကြီးတွေအနေနဲ့ မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေကလူတွေရဲ့ အသံတွေကိုကြားအောင် နားထောင်ကြဖို့၊ ပြီးတော့ ကိုယ့်ဖာသာကိုယ်လည်း ကက်သလစ်ဘာသာဝင် ပီသအောင် ကျင့်ကြံကြဖို့ ပုပ်ရဟန်းမင်းကြီး Fancis က တိုက်တွန်းသွားပါတယ်။

တောင်ကိုရီးယားနိုင်ငံ မြောက် Chungcheong ပြည်နယ်က Haemi Martyrdom Holy Ground သင်္ချိူင်းမြေမှာ ဘုန်းတော်ကြီးအပါး ၆၀ နဲ့ တွေ့ဆုံတော့ ပုပ်ရဟန်းမင်းကြီး Francis က တရုတ်နဲ့ မြောက်ကိုရီးယားလိုနိုင်ငံတွေအနေနဲ့ ဗာတီကန်ကျောင်းတော်နဲ့ သေချာဆွေးနွေးပြောဆိုဖို့ တိုက်တွန်းသွား ပါတယ်။

တရုတ်နိုင်ငံဟာ ၁၉၄၉ ခုနှစ်မှာ ကွန်မြူနစ်ပါတီအာဏာရလာကတည်းက ဗာတီကန်နဲ့ တရားဝင်ဆက်ဆံရေး ဖြတ်တောက်ခဲ့တာပါ။ ပွင့်လင်းလွတ်လပ်တဲ့ အတွေးအခေါ်ရှိတဲ့သူတိုင်းနဲ့ ပြောဆိုဆွေးနွေးဖို့ ရိုမန်ကတ်သလစ်အသင်းတော်က ရည်သန်ပါတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

XS
SM
MD
LG