သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားငွေကြေး အကျပ်အတည်း ပြည်ပ ဒဏ်ခတ်မှုနဲ့ ဆက်နွယ်


ရုရှားသမ္မတ Vladimir Putin သတင်းစာရှင်းလင်းပွဲ။ မော်စကို ရုရှား (ဒီဇင်ဘာ ၁၈၊ ၂၀၁၄)
ရုရှားသမ္မတ Vladimir Putin သတင်းစာရှင်းလင်းပွဲ။ မော်စကို ရုရှား (ဒီဇင်ဘာ ၁၈၊ ၂၀၁၄)

ရုရှားနိုင်ငံ စီးပွားရေး ရုန်းကန်ရမှုဟာ နှစ်နှစ် အတွင်းမှာ ပြန်လည် ကောင်းမွန် လာပြီး ၊ ရုရှား Ruble ငွေကြေးဟာလည်း တည်ငြိမ်လာပါလိမ့်မယ်လို့ ယုံကြည်တဲ့ အကြောင်း ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ပြောလိုက်ပါတယ်။ ရုရှားငွေကြေး တန်ဖိုး အကြီးအကျယ် ကျဆင်းမှုဖြစ်ခဲ့ပြီးတဲ့နောက် ရုရှား သမ္မတရဲ့ တုန့်ပြန်ချက် အခုလို ထွက်လာတာပါ။

ပြင်ပ အကြောင်းရပ်တွေ အကောင်းဖက် ပြောင်းလဲလာရင်တော့ စီးပွားရေးဟာ ပိုပြီး လျင်လျင်မြန်မြန် ကောင်းမွန်လာပါလိမ့်မယ်လို့လည်း နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲ အတွင်း ရုရှား သမ္မတက ပြောဆိုပါတယ်။ ရုရှား စီးပွားရေး တည်ငြိမ်အောင် ထိမ်းနိုင်ဖို့ ရုရှားအနေနဲ့ အရံငွေကြေး အလုံအလောက် လည်းရှိတယ်လို့ မစ္စတာပူတင်က ပြောပါတယ်။ မစ္စတာပူတင် အခုလို မပြောခင်မှာတော့ Ruble ငွေကြေး ပြန်တက်လာပါပြီ။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကတော့ စံချိန်းချိုးလောက်အောင် ရုရှားငွေတန်ဖိုး ကျဆင်းခဲ့တာကြောင့်၊ လိုအပ်မယ်ဆိုရင်တော့ ဘဏ်တွေ နဲ့ ငွေကြေး ကုမ္ပဏီတွေကို ငွေကြေး ကျားကန်ထောက်ပံ့မှုတွေလုပ်ပေးသွားပါ့မယ်လို့ ရုရှား ဗဟိုဘဏ်က အာမခံပြောခဲ့ရပါတယ်။ တကြိမ်မှာဆိုရင် ရုရှားငွေကြေးဟာ တဒေါ်လာကို ၈၀ Rubles အထိ ထိုးကျသွားခဲ့ပါတယ်။

ရုရှား Ruble ငွေကြေးဟာ အခုနှစ်အတွင်း အနောက်နိုင်ငံ ငွေကြေးတွေနဲ့ ငွေ လဲလှယ်မှုမှာ ၆၀ ရာခိုင်နှုန်းအထိကို ကျဆင်းသွားခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လ အတွင်းက ယူကရိန်းက Crimea ဒေသကို ရုရှားက သိမ်းယူလိုက်ပြီးနောက်၊ ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်မှုတွေ ခံခဲ့ရပါတယ်။

အခုလို ငွေကြေးအကြပ်အတည်းဖြစ်မှုမှာ ဒီအရေးယူမှုဒဏ်ခတ်မှုတွေဟာ ၂၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း၃၀ အထိ သက်ရောက်ခဲ့တယ်လို့ မစ္စတာပူတင်က ပြောပါတယ်။ ယူကရိန်းနဲ့ ပတ်သက်လို့လည်း မှတ်ချက်ပြောရာမှာ သူ့အနေနဲ့ ယူကရိန်းနိုင်ငံကို နိုင်ငံရေးအရ ရပ်တည်မှုတခု တနည်းအားဖြင့် နိုင်ငံတခု အနေနဲ့ ဆက်ပြီးမြင်ချင်ပါတယ်လို့ ပြောသွားပါတယ်။

ယူကရိန်းကိစ္စကို ငြိမ်းချမ်းတဲ့ဆွေးနွေးမှုတွေနဲ့ ညှိုနှိုင်းဆောင်ရွက်နိုင်ပြီး၊ အခု ခရစ်စမတ်မတိုင်ခင်မှာ ယူကရိန်းနဲ့ အရှေ့ယူကရိန်းက သူပုန်တို့အကြား အကျဉ်းသားလဲလှယ်ရေးအစီအစဉ်တွေ ဆောင်ရွက်ကြဖို့ သူက အကြံပြု တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG