သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တရားရုံးချုပ် တရားသူကြီး အစားမထိုးဖို့ ရီပက်ပလီကန်တွေ တောင်းဆို


ကွယ်လွန်သွားပြီဖြစ်တဲ့ တရားသူကြီး Antonin Scalia
ကွယ်လွန်သွားပြီဖြစ်တဲ့ တရားသူကြီး Antonin Scalia

ကွယ်လွန်ခဲ့တဲ့ အမေရိကန် နိုင်ငံတော်တရားရုံးချုပ်၊ တရားသူကြီး Antonin Scalia နေရာအတွက် သမ္မတ Barack Obama အနေနဲ့ သူ့ရဲ့သမ္မတသက်တမ်း နောက်ဆုံးနှစ်အတွင်း အစားထိုးခန့်အပ်တာမလုပ်ဖို့ ရီပတ်ဘလီကန်တွေက တောင်းဆိုလိုက်ပါတယ်။

ဒါဟာ ပုံမှန်ဖြစ်စဉ် အတိုင်းမဟုတ်ဘဲ အချိန်ကာလကြာမြင့်စွာ တရားသူကြီးတဦး လစ်လပ်နေတဲ့ နေရာအတိုင်းထားရမှာ ဖြစ်ပါတယ်။ လာမယ့် နိုဝင်္ဘာ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်တွေအနေနဲ့ အနိုင်ရမယ်လို့ မျှော်မှန်းထားတာဖြစ်ပြီး တရားသူကြီး Scalia လို ကွန်ဆာဗေးတစ်တရားသူကြီးတဦး ခန့်အပ်လိုတာပါ။

ဒါပေမယ့်လည်း နောင်သမ္မသစ်အနေနဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှသာ စတင်တာဝန်ထမ်းဆောင်ရမှာကြောင့် တရားသူကြီး Scalia နေရာမှာ၃၄၂ ရက်ကြာ လစ်လပ်နေမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ တရားသူကြီး ၁၀ ဦး သေဆုံးခဲ့တာမှာ အစားထိုးခန့်အပ်ဖို့ပျမ်းမျှ ၉၅ ရက်လောက်သာ ကြာခဲ့ပါတယ်။ အစားထိုးခန့်အပ်နိုင်ခြင်းမရှိဘဲ လစ်လပ်နေခဲ့တဲ့ ရက်အကြာဆုံးဟာ ၁၉၂ ရက်ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံတော်တရားရုံးချုပ်မှာ သက်တမ်းအကြာဆုံး တရားသူကြီး Antonin Scalia မနေ့က ကွယ်လွန်သွားခဲ့တာပါ။တရားသူကြီး Scalia ဟာ Texas ပြည်နယ်အတွင်းက အပန်းဖြေမြို့တခုဖြစ်တဲ့ Ciblol Creek Ranch မှာ လူကြီးရောဂါနဲ့ အိပ်နေရင်း ကွယ်လွန်သွားတာလို့ ဆိုပါတယ်။ အသက် ၇၉ နှစ်ရှိပြီတဲ့ ရှေးရိုးစွဲဝါဒီ Scalia ကို ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း Ronald Reagan က ၁၉၈၆ ခုနှစ်မှာ ခန့်အပ် တာဝန်ပေးခဲ့တာကြောင့် သူဟာ သက်တမ်းအကြာဆုံး တရားသူကြီးလည်း ဖြစ်ပါတယ်။

သူဟာ အီတလီနွယ်ဖွား အမေရိကန်နိုင်ငံသား တဦးအနေနဲ့ ပထမဆုံး နိုင်ငံတော် တရားသူကြီးအဖြစ် ခန့်အပ် တာဝန်ပေးခံရသူလည်း ဖြစ်ပါတယ်။ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးချုပ် John Roberts က Scalia ကွယ်လွန်ကြောင်း အတည်ပြုပြောကြားရင်း - သူဟာ အင်မတန် ထူးခြားလူပုဂ္ဂိုလ်တဦးဖြစ်သလို ဥပဒေပညာရှင် တဦးလည်းဖြစ်ကြောင်း၊ သူ့ကို လုပ်ဖော်ကိုင်ဖက်တွေကလည်း လေးစား အမြတ်တနိုး ရှိကြကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း - Scalia ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း မိသားစုထံ သမ္မတ Barack Obama က သတင်းစကား ပေးပို့ခဲ့ပါတယ်။

XS
SM
MD
LG