သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်မှာ လှေမှောက်လို့ သေဆုံး


မြန်မာနိုင်ငံအနောက်ပိုင်း စစ်တွေကမ်းရိုးတန်း လှိုင်းထန်တဲ့ ပင်လယ်ထဲမှာ မနေ့ အင်္ဂါနေ့၊ လှေနစ်မှောက်ခဲ့တဲ့အတွက် ရိုဟင်ဂျာဒုက္ခသည် ၂၁ ဦး သေဆုံးသွားတဲ့အကြောင်း (UNOCHA) ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဆက်သွယ်ရေးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Pierre Peron က AFP သတင်းဌာနကို ပြောပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ ကလေးငယ် ၉ ဦး ပါဝင်ပါတယ်။ လှေဟာ ပေါက်တောမြို့ စင်တက်မော ဒုက္ခသည်စခန်းကနေ ဈေးကိုအသွား လမ်းမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး၊ လှေပေါ်မှာ ခရီးသည် ၆၀ လောက် ပါဝင်ပါတယ်။ အများစုဟာ အိုးမဲအိမ်မဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်။ သူတို့ကို တရားဝင် ဈေးဝယ်ခွင့် ပေးထားတဲ့နေ့ ဖြစ်တာကြောင့် စစ်တွေကိုအသွား လမ်းမှာ လှေနစ်မြုပ်တာဖြစ်ပြီး သေဆုံးသူ အရေအတွက်ဟာ ထပ်တိုးလာနိုင်တဲ့အကြောင်း OCHA ရုံး ပြောရေးဆိုခွင့်ရှိသူ Peron က ပြောပါတယ်။

နယ်စပ်လုံခြုံရေးအဖွဲ့ အရာရှိတွေကလည်း လှေမှောက်ခဲ့တဲ့ အဖြစ်အပျက်ကို အတည်ပြုပါတယ်။ ဒါပေမဲ့ သေဆုံးသူ အရေအတွက် တရားဝင် စာရင်းအရ ၁၄ ယောက်ပဲ ရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အိုးမဲ့အိမ်မဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေကို ထွက်ခွာရင်း ပယ်လယ်ပြင်ထဲမှာ နစ်မြုပ်သေဆုံးကျတဲ့အကြောင်းတွေ၊ ထိုင်းနိုင်ငံမှာ တရားမဝင် လူမှောင်ခိုတွေကို နှိမ်နင်းကြတဲ့အတွက် လူမှောင်ခိုတွေက သူတို့ကို ပင်လယ်ထဲမှာ စွန့်ပစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပေါ်ထွက်ခဲ့ပြီး ဒုက္ခသည်အရေးဟာ ဒေသတွင်း အကျပ်အတည်းတခုအဖြစ် ပေါ်ထွက်ခဲ့ပါတယ်။

XS
SM
MD
LG