သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ကြံခံရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် ဈာပနကျင်းပ


ရုရှား ဝန်ကြီးချုပ်ဟောင်းနဲ့ အတိုက်အခံခေါင်းဆောင် Mikhail Kasyanov (ဝဲ) က လုပ်ကြံခံရသူ မစ္စတာ နမ်ဆော့ဗ်ဈာပနမှာလွမ်းသူ့ပန်းစည်းချ ဂါရဝပြုစဉ်။ (မတ်လ ၃၊ ၂၀၁၅)
ရုရှား ဝန်ကြီးချုပ်ဟောင်းနဲ့ အတိုက်အခံခေါင်းဆောင် Mikhail Kasyanov (ဝဲ) က လုပ်ကြံခံရသူ မစ္စတာ နမ်ဆော့ဗ်ဈာပနမှာလွမ်းသူ့ပန်းစည်းချ ဂါရဝပြုစဉ်။ (မတ်လ ၃၊ ၂၀၁၅)

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ကရင်မလင်နန်းတော်နားမှာ သေနတ်နဲ့ပစ်သတ်တာခံခဲ့ရတဲ့ ရုရှားအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူ အတိုက်အခံခေါင်းဆောင် Boris Nemtsov ကို ရုရှားပြည်သူတွေဟာ အင်္ဂါနေ့မှာလည်း လာရောက်ဂါရဝပြုနေကြပါတယ်။

မော်စကိုမြို့လယ်က အန်ဒရေ ဆာခရောဗ် (Andrei Sakharov) လူ့အခွင့်ရေးစင်တာမှာ တနိုင်ငံလုံး လာရောက်ကြည့်ရှုနိုင်အောင် ဖွင့်ပြထားတဲ့ အသက် ၅၅ နှစ်အရွယ် နမ်ဆော့ဗ် ရဲ့ ရုပ်အလောင်းထားရာ နေရာမှာတော့ သူ့ရဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို နှင်းဆီနီတွေကိုင်ပြီး လာရောက်တာ တွေ့ရပါတယ်။

အခမ်းအနားမှာ ရုရှား ဒုတိယဝန်ကြီးချုပ် အာကာဒီ ဒဗော်ကိုဗစ်ချ် (Arkady Dvorkovich) လည်း တက်ရောက်လာပါတယ်။ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး John Tefft နဲ့အတူ အရင် ဗြိတိသျှဝန်ကြီးချုပ်ဟောင်း John Major တို့လည်း အခမ်းအနားကို တက်ရောက်ကြပါတယ်။

သူဟာ တရားဥပဒေစိုးမိုးရေးအတွက် ရပ်တည်ခဲ့သူဖြစ်ပြီး လွတ်လပ်စွာပြောဆိုခွင့်ရအောင် တနည်းပြောရရင် လွတ်လပ်မှုအတွက် ရပ်တည်ခဲ့သူ ဖြစ်တယ်၊ ရန်လိုမှုတွေ၊ ဖိနှိပ်မှုတွေနဲ့ အဂတိလိုက်စားမှုတွေကို ဆန့်ကျင်ပြီး သူရပ်တည်ခဲ့တယ်ဆိုတဲ့အချက်ဟာ သိပ်ကိုအရေးကြီးတယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မစ္စတာ မေဂျာက ပြောပါတယ်။

နမ်ဆော့ဗ်ရဲ့ ရုပ်အလောင်းကို အင်္ဂါနေ့ နှောင်းပိုင်းမှာ မော်စကိုက ထရိုအီကူရောဗ့် စကိုယီ (Troekurovskoye ) သုဿာန်မှာ မြုပ်နှံ သဂြိုဟ်မှာ ဖြစ်ပါတယ်။

အရင် ဒုတိယဝန်ကြီးချုပ်ဟောင်းဖြစ်သူ နမ်ဆောဗ့်ဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက သူ့အမျိုးသမီးနဲ့ တံတားပေါ်မှာ ဖြတ်လျှောက်လာတုန်း အမည်မသိ သေနတ်သမားတွေက သေနတ်နဲ့ ၄ ချက် ပစ်ခတ်လုပ်ကြံတာကို ခံခဲ့တာပါ။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကတော့အခုလို အံ့သြတုန်လှုပ်စရာ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းမှု သေသေချာချာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကတော့ နမ်ဆောဗ်ဟာ ရုရှားအစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာမို့ လက်တုံ့ပြန်တာခံခဲ့ရတယ်လို့ ပြောကြပါတယ်။

XS
SM
MD
LG