သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Syria အရေး ရုရှား အဆိုပြုချက် EU သံသယရှိ


ရုရှားသမ္မတ ပူတင်နဲ့ စစ်ဖက်ဆိုင်ရာအကြီးအကဲများ။
ရုရှားသမ္မတ ပူတင်နဲ့ စစ်ဖက်ဆိုင်ရာအကြီးအကဲများ။

ဆီးရီးယားမှာ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ ရုရှားရဲ့ အဆိုပြုချက်ဟာ Aleppo မြို့ကို လေကြောင်း တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဆက်လက် လုပ်နိုင်ဖို့ ရုရှားက သုံးတဲ့ နှောင့်နှေးစေတဲ့ နည်းလမ်းတခုလို့ ဥရောပနိုင်ငံတွေက ရှုမြင်ကြပါတယ်။ ရုရှားအစိုးရက အတော်လေး ပြည့်စုံတဲ့ အဆိုပြုချက်တရပ်ကို တင်သွင်းခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောပါတယ်။

ရုရှားအရေး ဆောင်ရွက်တဲ့ နိုင်ငံတကာ အဖွဲ့ ISSG အစည်းအဝေးမှာ တင်ပြတာတွေ မလုပ်ခင် အမေရိကန်ဘက်က တုန့်ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ဆွေးနွေးဖို့ လုပ်နေတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Lavrov က ကြာသပတေးနေ့ မှာ ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးကို မတ်လ တစ်ရက်နေ့မှာ စတင်ဖို့ ရုရှားဘက်က အဆိုပြုထားတာ ဖြစ်ပြီး ဒါဟာ အလက်ပို တဝိုက်က လူုသားချင်း အကူအညီ လိုအပ်နေတဲ့ ပြဿနာဖြေရှင်းရေးအတွက် အချိန်နှောင်းသွားနိုင်တယ်လို့ အနောက်တိုင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

အလက်ပိုမြို့ဟာ တူရကီနယ်စပ်မှာ ရှိတဲ့ ဒုတိယ အကြီးဆုံး ဆီးရီးယား မြို့ကြီးဖြစ်ပါတယ်။ အမေရိကန်ဘက်ကတော့ အပစ်အခတ် ချက်ချင်း ရပ်စဲဖို့ လိုလားတယ်လို့ အမေရိကန် အစိုးရ ပြောခွင့်ရက ပြောပါတယ်။

ဆီးရီးယား အတိုက်အခံတွေရဲ့ အကြီးတန်း အဖွဲ့ဝင် တဦးကတော့ ရုရှားတွေရဲ့ လက်ရှိ သတ်ဖြတ်နေမှုတွေ အဆုံးသတ်စေမယ့် ဘယ် အပစ်ခတ် ရပ်စဲရေးကို မဆို ကြိုဆိုကြောင်း ပြောပါတယ်။ဒါပေမယ့် အီရန်က ငွေကြေးပံ့ပိုးနေတဲ့ ပြည်သူ့စစ်တွေနဲ့ လက်ဘနွန်က Hezbollah အဖွဲ့ တိုက်ခိုက်ရေးသမားတွေ အပါအဝင် စစ်ဆီးရီးယား အစိုးရကို ထောက်ခံမှုပေးနေတဲ့ အဖွဲ့အစည်း အားလုံးအာမခံတဲ့ အပစ်ရပ်ရေး ဖြစ်ဖို့ လိုတယ်လို့ ပြောပါတယ်။

XS
SM
MD
LG