သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယား လူ့အခွင့်အရေး ဆွေးနွေးဖို့ လုံခြုံရေးကောင်စီဆုံးဖြတ်


ကုလဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mark Lyall Grant (ဝဲ) နဲ့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha တို့ကို ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ တွေ့ရစဉ်။ (ဒီဇင်ဘာ ၂၂၊ ၂၀၁၄)
ကုလဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mark Lyall Grant (ဝဲ) နဲ့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha တို့ကို ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ တွေ့ရစဉ်။ (ဒီဇင်ဘာ ၂၂၊ ၂၀၁၄)

မြောက်ကိုရီးယားရဲ့မဟာမိတ်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ကန့်ကွက်မှုတွေကြားက ကုလလုံခြုံရေးကောင်စီက မြောက်ကိုရီးယား လူ့အခွင့်အရေးအခြေအနေကို တင်ပြဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၁ နိုင်ငံတို့က မြောက်ကိုရီးယားလူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ တနင်္လာနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ချက်နဲ့ နိုင်ဂျီးရီးယားနိုင်ငံတို့က မဲမပေးဘဲနေခဲ့ကြပါတယ်။ မြောက်ကိုရီးယားနဲ့ပတ်သက်လို့ အရင်က လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးမှုတွေထဲမှာ နျူကလီယားလက်နက်အကြောင်းကိုသာ ကန့်သတ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အခုအခါမှာတော့ အထီးကျန်တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ အရပ်ရပ်တို့ကို စီစစ်လေ့လာသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG