သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော့စနီးယား ဆာဗ့် ခေါင်းဆောင်ဟောင်းအပေါ် စွဲချက် ၁၀ ခုအနက် တခု ရုပ်သိမ်း


လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ Radovan Karadzic ကို လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာ စွဲဆိုမှု တမှုအတွက် အပြစ်မရှိကြောင်းဆုံး The Hague အပြည်ပြည်ဆိုင်ရာ တရားရုံးတော်က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

စစ်ရာဇဝတ်မှု အတွက်စွဲဆိုထားတဲ့ ပြစ်မှု ၁၀ မှုနဲ့ Bosnian Serb ခေါင်းဆောင်ဟောင်းအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှု တွေကိုတော့ ထဲ့သွင်း ဆုံးဖြတ်မှု မလုပ်ရသေးပါဘူး။ ၁၉၉၂ ခုနှစ်က Bosnia မှာ Bosnian Serb တပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုအတွက် လုံလောက်တဲ့ သက်သေ
အထောက်အထား မပြနိုင်တာကြောင့် ရုံးတော်က ခုလိုဆုံး ဖြတ်ချက်ချခဲ့ တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ်အပြီး ဥရောပမှာ အဆိုးဆုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်တဲ့ ၁၉၉၅ ခုနှစ် က Srebrenica မွတ်စလင် စုစုပေါင်း ၈,၀၀၀ ထောင်ကို သတ်ဖြတ်ခဲ့တဲ့ အမှု အပါအဝင် ကျန်တဲ့ စွဲဆိုချက် ၁၀ မှု အတွက် အပြီးသတ် ပလပ်ပေးဖို့ တရားခံရှေ့နေဖက်က သက်သေ တင်ပြချက်ကိုတော့ ရုံးတော်က ပယ်ချခဲ့ပါတယ်။

Karadzic ဟာ Yugoslavia ခွဲထွက်အပြီး ၁၉၉၂ ခုနှစ် က Bosnia မှာဖြစ်ခဲ့တဲ့ ၃ နှစ်တာ စစ်ပွဲအတွင်း Bosnian Serb အစိုးရ ခေါင်းဆောင် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်က အရင် Yougoslavia မှာ Karadzic ကို စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ် ဆိုပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ တရားစွဲဆိုခဲ့ပြီး နောက် ၁၃ နှစ်ကြာမှာ The Hague တရားရုံးကို ပို့ခဲ့တာပါ။ သူ့ကို တရားစစ်ဆေးမှုကို ၂၀၀၉ ခုနှစ်ကစခဲ့ပြီး ဒီနှစ်နှောင်းပိုင်းမှာ သူ့ရှေ့နေတွေရဲ့ လျောက်လဲချက်တွေနဲ့ ဆက်ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG