သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီစစ်သွေးကြွခေါင်းဆောင် သေဆုံးမှု အတည်ပြုဖို့ ကြိုးစားဆဲ


ဆိုမာလီနိုင်ငံထဲမှာ အမေရိကန်တို့ရဲ့ Drone ယာဉ်နဲ့ တိုက်ခိုက်မှုတခုအတွင်း al-Shabab စစ်သွေးကြွအဖွဲ့ခေါင်းဆောင် Ahmed Abdi Godane သေဆုံးခြင်း ရှိ မရှိ အတိအကျသိရအောင် Pentagon စစ်ဌာနချုပ် တာဝန်ရှိသူတွေ ကြိုးစားနေကြပါတယ်။

Lower Shabelle ဒေသမှာလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ al-Shabab အဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး တနင်္လာနေ့တုန်းက လူမောင်းနှင်ပျံသန်းတဲ့ လေယာဉ်တွေ ရော မောင်းသူမဲ့လေယာဉ်တွေပါ သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ Pentagon သတင်းစာရှင်းပွဲမှာ ရေတပ်ဗိုလ်ချုပ်ကြီး John Kirby က ပြောကြားခဲ့ပါတယ်။

Ahmed Abdi Aw Muhammad လို့လည်းသိကြတဲ့ Ahmed Godane ကို အထူး ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုတွေရဲ့ ရလဒ်တွေကိုပြောဖို့ သိပ်စောနေသေးပေမဲ့ တကယ်လို့ Godane သေဆုံးခဲ့မယ်ဆိုရင် စစ်သွေးကြွကွန်ယက်နဲ့ အဖွဲ့အစည်းအတွက်အပြင် သူတို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လုပ်နိုင်ဖို့မှာ အင်မတန် ကြီးမားတဲ့ ထိခိုက်မှုဖြစ်လိမ့်မယ်လို့ ဗိုလ်ချုပ်ကြီး Kirby က ပြောပါတယ်။

မျက်မြင်တွေရဲ့ အပြောအရ လမ်းမှာသွားနေတဲ့ ယာဉ် ၃ စီးအပေါ် Drone ယာဉ်တွေပေါ်ကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ၂ စီးက ဒုံးလက်နက်တခုမက ထိမှန်ခဲ့ပြီး တစီးကတော့ လွတ်သွားနိုင်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ al-Shabab တို့ အခိုင်အမာ ခြေကုပ်ယူထားတဲ့ Barawe မြို့ရဲ့ မြောက်ဘက် မိုင် ၄၀ ကျော်လောက်မှာ တိုက်ခိုက်မှုဖြစ်ခဲ့တာလို့ Lower Shabelle ဒေသအုပ်ချုပ်ရေးမှူးက ဗွီအိုအေ ဆိုမာလီဌာနကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG