သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုနီဆိုင်ဘာ အဖေါက်ခံရမှု ပူးတွဲစုံစမ်းဖို့ မြောက်ကိုရီးယားကမ်းလှမ်း


ہزاروں افراد اپنے گھروں میں محصور ہو کر رہ گئے ہیں اور علاقوں میں بجلی کی فراہمی بھی معطل ہو گئی۔
ہزاروں افراد اپنے گھروں میں محصور ہو کر رہ گئے ہیں اور علاقوں میں بجلی کی فراہمی بھی معطل ہو گئی۔

ဆိုနီရုပ်ရှင်ကုမ္ပဏီက မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို လုပ်ကြံဖို့သရော်ထားတဲ့ကားကို ထုတ်ပြဖို့ မျှော်လင့်ထားဆဲဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ သမ္မတ Obama ကဆိုင်ဘာ တိုက်ခိုက်ရေးသမားတွေရဲ့ ခြိမ်းခြာက်မှုကြောင့် ဆိုနီကုမ္ပဏီအနေနဲ့ ဒီရုပ်ရှင်ကိုပြဖို့ ဖျက်သိမ်းလိုက်တာဟာ မှားယွင်းဆုံးဖြတ်မှုဖြစ်တယ်လို့ ဝေဖန်အပြီး နောက်တနေ့မှာ ခုလို ပြနိုင်ဖို့ မျှော်လင့်ထားကြောင်း ဆိုနီရုပ်ရှင်ဘက်က ပြောလာတာပါ။

The Interview လို့ နာမည်ပေးထားတဲ့ ဒီ ဟာသကား ရိုက်ကူးခဲ့မှုကြေင့် ဟောလိဝုဒ်ကုမ္ပဏီကို အင်တာနက်ကနေ ကွန်ပြူတာဖောက်ထွင်းတိုက်ခိုက်မှု ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။ ဒီ တိုက်ခိုက်မှုအတွက် အမေရိကန်အစိုးရက မြောက်ကိုရီးယားကို စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ သူ့အနေနဲ့ ဆိုနီကွန်ပြူတာကွန်ယက်ကို ဝင်ဖောက်တာ မလုပ်ခဲ့ဘူး၊ မျက်နှာပျက်စရာ Email တွေလည်းမပို့ခဲ့ဘူး၊ တခြား ပုဂ္ဂိုလ်ရေး အထောက်အထားတွေနဲ့ မပြရသေးတဲ့ ရုပ်ရှင်စီ်မံချက်တွေကိုလည်း အင်တာနက်ပေါ် ဖောက်မချခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားအစိုးရအနေနဲ့ ဒီကိစ္စမှာ ပါဝင် ပတ်သက်မှုမရှိကြောင်း သက်သေပြနိုင်တယ်လို့ဆိုပြီး အမေရိကန်နဲ့ ပူးတွဲပြီး ဒီဖောက်ထွင်း တိုက်ခိုက်မှုကို စစ်ဆေးသွားဖို့ စနေနေ့မှာ အဆိုပြုထားပါတယ်။

အမေရိကန်သမ္မတ Barack Obama က ဆိုနီရုပ်ရှင်လုပ်ငန်းအပေါ် ဆိုင်ဘာကနေ ဖောက်ထွင်းတိုက်ခိုက်ခဲ့မှုအပေါ် အလားတူပြင်းထန်မှုမျိုးနဲ့ တုံ့ပြန်သွားမယ်လို့ ကြေညာအပြီးမှာ မြောက်ကိုရီးယားဘက်က ခုလို ပူးတွဲစုံစမ်းစစ်ဆေးဖို့ အဆိုပြုလာတာပါ။

ဒါပေမဲ့ ဘယ်သူဘယ်ဝါမှန်း မပြောထားတဲ့ မြောက်ကိုရီးယား ပြောခွင့်ရှိသူလို့ ဆိုသူတဦးကတော့ အမေရိကန်အနေနဲ့ ခုလို အဆိုပြုတဲ့အတိုင်း ပူးတွဲစုံစမ်းစစ်ဆေးမှုလုပ်ဖို့ ငြင်းဆိုလာရင် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ခံစားရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

စနေနေ့မှာပဲ အမေရိကန်အိမ်ဖြူတော်ရဲ့နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောခွင့်ရ Mark Stroh က အမေရိကန်အနေနဲ့ အရင်ပြောခဲ့တဲ့အတိုင်း ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ မြောက်ကိုရီးယားနိုင်ငံ ရှိနေတယ်ဆိုတာကို ဆက်ရပ်တည်ပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီပြောခွင့်ရ Stroh ကပဲ မြောက်ကိုရီးယား အစိုးရဟာ ရန်စ၊ ဖျက်ဆီးမှုတွေအတွက် တာဝန်မယူဘဲ ငြင်းလေ့ရှိတဲ့ သမိုင်းကြောင်းရှိထားတယ်၊ မြောက်ကိုရီးယားအနေနဲ့ ဒီကိစ္စမှာ ကူညီချင်တယ်ဆိုရင် ဒီ ဆိုနီရုပ်ရှင်ကိုတိုက်ခိုက်မှုမှာ သူပါဝင်ပတ်သက်တာကို ဝန်ခံပြီး ဆိုနီက ဆုံးရှုံးသွားမှုအပေါ် လျော်ကြေးပေးသင့်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

XS
SM
MD
LG