သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူထရီနိုနဲ့ ၂၀၁၅ ရူပဗေဒ နိုဘယ်ဆု


Sweden Nobel Prize for Physics 2015
Sweden Nobel Prize for Physics 2015

neutrino လို့ခေါ်တဲ့ အမှုန်လေးမှာ အလေးချိန်ရှိကြောင်း ပြသတဲ့ ဒီအမှုန်ရဲ့ ပြောင်းလဲမှုကို တိုင်းတာနိုင်တဲ့အတွက် ၂၀၁၅ ခုနှစ်အတွက် ရူပဗေဒနိုဘယ်ဆုကို ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်က Takaaki Kajita နဲ့ ကနေဒါနိုင်ငံ Queens တက္ကသိုလ်က ပါမောက္ခ Arthur B. McDonald တို့ ကို ချီးမြှင့်လိုက်ပါ တယ်။ သူတို့ရဲ့ စမ်းသပ် တွေ့ရှိချက်တွေဟာ သိပ္ပံဘာသာရပ်အတွက် အပြောင်းအလဲတွေကို သိသိသာသာ ဖြစ်လာစေမယ်လို့ နာဆာက သိပ္ပွံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။

အက်တမ်လို့ခေါ်တဲ့ အနုမြူမှုန်မှာ သူ့ကို ထပ်ပြီး ခွဲခြမ်းစိတ်ဖြာလို့ မရတော့ဘူးဆိုတဲ့ သဘောနဲ့ ဂရိ အတွေးအခေါ် ပညာရှင်တွေက အသေးအငယ်ဆုံး ပစ္စည်းကို အက်တမ်လို့ နံမယ်ပေးခဲ့တာပါ။ ဒီ Atom လို့ခေါ်တဲ့ အနုမြူမှုန်ကို ထပ်ခွဲလို့ရတယ် ဆိုတာ လွန်ခဲ့တဲ့ ရာစုနှစ်ထဲမှာပဲ သိခဲ့ရပြီး အဲဒီမှာ အီလက်ထရွန်၊ ပရိုတွန်၊ န ျူထရွန်လို့ခေါ်တဲ့ ပရမာ အနုမြူတွေ အဖြစ် ထပ်ခွဲနိုင်ခဲ့ပါတယ်။ ဒီပရမာအနုမြူ တခုကနေ နောက်တခုကို ပြောင်းရင်း အဖိုဓါတ် အမဓါတ်မရှိတဲ့ အမှုန်အဖြစ် ပြောင်းသွားတာကို neutrino လို့ အီတလီသိပ္ပံပညာရှင် Enrico Ferm က ၁၉၃၂ ခုနှစ်မှာ နံမယ်စပေးခဲ့တာပါ။ အီတလီဘာသာနဲ့ little neutral one ကို neutrino လို့ခေါ်တာပါ။

neutrino အမျိုးအစား ၃ ခုရှိပါတယ်။ အီလက်ထရွန် neutrino၊ မြူရွန် neutrino နဲ့ တောဝ် neutrino (electron neutrino νe, muon neutrino νμ နဲ့ tau neutrino ντ ) တို့ ဖြစ်ပါတယ်။ ဒီ ၃ ခုစလုံးပေါင်းအလေးချိန်ဟာ အီလက်ထရွန် အလေးချိန်ထက် အဆ တသန်းပုံ ထက် ပိုနဲတာမို့ သူ့ကို အရင်က အလေးချိန် မရှိဘူးလို့ သတ်မှတ်ခဲ့တာပါ။ အခု ဒီ neutrino မှာ အလေးချိန်ရှိတယ် ဆိုတာ တိုင်းနိုင်ခဲ့တာမို့ နိုဘယ်ဆု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

နေကထွက်လာတဲ့ ကော့စမစ် ရောင်ခြည်မှာ တွေ့ရတဲ့ neutrino ကိုတိုင်းတာတဲ့အခါ သုံးပုံတပုံပဲ တိုင်းနိုင်တာနဲ့ ပါတ်သက်ပြီး အဖြေရှာနေကြတာ ကြာပြီဖြစ်ပါတယ်။ အခု ပါမောက္ခ ၂ ဦးက ကွဲပြားတဲ့ အလေးချိန်ရှိတဲ့ neutrino ၃ မျိုး တခုကနေ တခုကို တလှည့်စီ ပြောင်းနေချိန်မှာ တိုင်းတာမိတာ ကြောင့် အခုလို အပြည့် မတိုင်းနိုင်ကြောင်း သက်သေ အထောက်အထားနဲ့ တကွ တင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

စင်္ကြာဝဋ္ဌာကြီး တခုလုံး ဖြစ်ပေါ်လာဖို့ အတွက် ပေါင်းစပ်ထားတဲ့ အခြေခံ အမှုန်တွေ ပေါ်မူတည်ပြီး သိပ္ပံပညာရှင်တွေက standard model စံသတ်မှတ်မှု နိယာမ ပုံစံ တခု ချထား ပါတယ်။ အဲဒီချမှတ်ထားမှုဟာ အခုတွေ့ရှိချက်ကြောင့် မှန်တဲ့ နိယာမတခု မဟုတ်တော့တာမို့ ပြန်ပြီး ပြင်ဖို့ လိုအပ်လာပါပြီ။ ကမ္ဘာနဲ့ စင်္ကြာဝဋ္ဌာထဲက ကော့စမစ် နောက်ခံရောင်ခြည်တွေကို တိုင်းတာရာမှာလည်း ပုံစံတမျိုးနဲ့ ပြန်တိုင်းဖို့ လိုလာသလို အခုဆိုရင် neutrino အမျိုးကွဲတွေအတွက် အလေးချိန်တွေကို တိတိကျကျ တိုင်းတာဖို့ လည်း သိပ္ပံပညာရှင်တွေ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

ရူပဗေဒ ဘာသာရပ်အတွက် သိပ်ကိုကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်စေတာမို့ ထိုက်တန်တဲ့ ဆုပေးရတာလို့

XS
SM
MD
LG