သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယုံကြည်ရတဲ့ ရွေးကောက်ပွဲ အတွက် လိုအပ်ချက်များ


ရွေးကောက်ပွဲ မဲပေးနေသူ
ရွေးကောက်ပွဲ မဲပေးနေသူ

နိုင်ငံတကာမှာ ကျင်းပနေတဲ့ ရွေးကောက်ပွဲ ပုံစံတွေနဲ့ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် ဖြစ်အောင် နိုင်ငံတကာမှာ ဘယ်လိုစံတွေနဲ့ လုပ်ဆောင်နေကြတယ် ဆိုတာတွေကို အမေရိကန်နိုင်ငံ Delaware ပြည်နယ် Dupont company က လ ျှပ်စစ်နဲ့ ဆက်သွယ်ရေးဆိုင်ရာ သုတေသနပညာရှင် ဦးဌေးမင်းလှိုင်က ပြောပြပေးမှာပါ။

ပထမဦးဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့ ရောမမှာ ဘီစီ ၁၃၉ တုန်းက မဲပေးတာကို စာရွက်ကို သုံးပြီး ပေးခဲ့ကြသလို အာရှတိုက်ရဲ့ လူဦးရေများလှတဲ့ အိနိယ နိုင်ငံမှာတော့ အေဒီ ၉၂၀ လောက်မှာ ပေရွက်တွေကို သုံးပြီး မဲပေးခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ခုခေတ်မှာတော့ စာရွက်ပေါ်မဲပေးတာတင်မက၊ အင်တာနက်တို့၊ အီလက်ထရောနစ် စံနစ်တို့နဲ့ မဲပေး လာကြပါပြီ။

လူဦးရေ သန်းပေါင်း ၄၀၀ လောက်ရှိတဲ့ အိနိယနိုင်ငံမှာ အီလက်ထရောနစ် စံနစ်ကို သုံးနေတဲ့အတွက် မဲပေးအပြီး မိနစ်ပိုင်းအတွင်းမှာပဲ မဲတွေကို ရေတွက်နိုင်တာပါ။ ဒါပေမယ့် တိုးတက်လှတဲ့ ဂျပန်နိုင်ငံမှာတော့ အခုထိ စာရွက်ပေါ်မှာ မဲပေးနေဆဲ ဖြစ်တဲ့အပြင် ထူးခြားတာက ကိုယ်မဲပေးချင်တဲ့ သူကို လက်ရေးနဲ့ ရေးပြီး မဲပေးတာလို့ ဆိုပါတယ်။ အိမ်နီးချင်း ဖိလစ်ပိုင်နိုင်ငံမှာတော့ ၂၀၀၇ ခုနှစ်ကစပြီး အီလက်ထရောနစ် မဲပေးစံနစ်ကို သုံးနေတာပါ။ ထူးထူးခြားခြား အင်တာနက်နဲ့ မဲပေးတဲ့ နိုင်ငံကတော့ Estonia နိုင်ငံလေးဖြစ်ပါတယ်။ လူဦးရေနဲပြီး နိုင်ငံသားကပ်ပြားမှာ ဘယ်သူ ဘယ်ဝါဆိုတာ ခွဲခြားနိုင်တဲ့ chips လေးတွေ ပါတာမို့ တနိုင်ငံလုံး အိမ်ကနေပဲ အင်တာနက်ကနေ မဲပေးနိုင်တာ ဖြစ်ပါတယ်။

ဒီလိုပုံစံ အမျိုးမျိုးနဲ့ မဲပေးကြတဲ့ ထဲမှာ ယုံကြည်မှု ရှိတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်စေဖို့ လိုအပ်တဲ့ အချက်တွေကို သတ်မှတ်ကြပါတယ်။ ပထမဆုံးက မဲပေးသူအတွက် လုံခြုံမှု ရှိဖို့ လိုအပ်ပါတယ်။ ဘယ်သူကို ဘယ်ပါတီကို မဲပေးတယ် ဆိုတာကို မသိအောင်လုပ်ထားရတာပါ။ ဒီလိုလုပ်မပေးရင် လက်စားချေတာတွေ၊ မဲဝယ်တာတွေ ပေါ်ပေါက်နိုင်ပါတယ်။

မဲပေးရာမှာ လူတယောက်မဲ တမဲပဲ ပေးအောင် လုပ်ဖို့ လိုသလို မြန်မြန်ဆန်ဆန်နဲ့ မဲပေးနိုင်အောင် စီစဉ်ထားဖို့လိုပါတယ်။ ပေးပြီးတဲ့မဲ ပြောင်းလဲမသွားဖို့၊ မဲရဲ့ integrety မဲမှန်ကန်ဖို့ လိုပါတယ်။ မဲကို accessiblity လူပေါင်းစုံ အလွှာပေါင်းစုံ၊ နေရာပေါင်းစုံကနေ မဲပေးနိုင်အောင်လုပ်ထားဖို့လည်း လိုပါတယ်။ မဲပေးတဲ့ စံနစ်ဟာ cost effective ဈေးမကြီးပဲ သက်သာထိရောက်ဖို့ လုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဲပေးတဲ့ ဌာန အများကြီးမှာ မဲရုံအများကြီးဖွင့်ပေးမှ တပြိုင်ထဲ မဲပေးနိုင်မှာ လည်း ဖြစ်ပါတယ်။ နောက်အရေးအကြီးဆုံး အချက်ကတော့ မဲပေးပြီးသွားတဲ့အခါ အငြင်းပွါးဖွယ်ဖြစ်လာရင် မဲကို ပြန်စစ်တဲ့ audit လုပ်နိုင်ဖို့လည်း လိုပါတယ်လို့ ဦးဌေးမင်းလှိုင်က ပြောပါတယ်။

XS
SM
MD
LG