သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလပ်စတစ် အမှိုက် အန္တရာယ်


Plastic Waste (East Dagon)
Plastic Waste (East Dagon)

အင်းအိုင်မြစ်ချောင်းတွေကနေ စီးဝင်တဲ့ ရေတွေနဲ့ လည်ပါတ်နေတဲ့ ကမာ့ သမုဒရာ တွေ ကနေ လူတွေရူရှိုက်တဲ့ လေထုကို ဖန်တီးပေးတဲ့အပြင် ကမာ့ရာသီဥတုကို ပုံမှန်လည်ပါတ်စေပြီး စားနပ်ရိကာဖြည့်တင်း ပေးတာနဲ့ ရေကိုပါ သန့်စင်စေတာပါ။ဒီလို လူသားတွေ အတွက် အကျိုးပြုနေတဲ့ သမုဒရာရေပြင်ထဲကို တနေ့တနေ့ ရောက်လာတဲ့ ပလပ်စတစ် စ ပေါင်းက ၅ သန်းလောက် ရှိမယ်လို့ သဘာဝ ဝန်းကျင် ထိမ်းသိမ်းသူတွေက ခန့်မှန်းပါတယ်။ ဒီအပိုင်းအစတွေကို ကမာ့ သမုဒရာကြီးတွေထဲက ရေစီးကြောင်း ကြီး ၅ ခုကနေ သယ်ဆောင်ပြီး ဒီအပိုင်းအစတွေမှာ ရှိနေတဲ့ နှစ်ပေါင်း ရာချီ ပျောက်ပျက် မသွားတဲ့ ဓါတု အဆိပ်တွေကို ကမာ အနှံ့ ပြန့်နှံ့စေတာပါ။

Australia နိုင်ငံ Tasmania သုတေသနဌာနက Australia ကမ်းခြေမှာ တွေ့ရတဲ့ ငှက် သေတွေကို စမ်းသပ်ကြည့်ရာမှာ အထူးသဖြင့် ပင်လယ်ငှက်တွေမှာ ပြဒါးဆိပ် သင့်နေတာ ကို တွေ့ရပါတယ်။ ပြဒါးပါဝင်မှု 4.3 ppm အထိသာ ခံနိုင်ရည်အဆင့်ထား သတ်မှတ်ထားတဲ့ ဒီငှက်တွေမှာ ပြဒါးက1000 ကနေ 3000 ppm အထိ ရှိနေတာကို တွေ့ရတာပါ။

ပလပ်စတစ်ပစည်း တခုရဖို့ဓါတုပစည်း အများအပြားနဲ့ ပြုလုပ်ရတာဖြစ်ပါတယ်။ ဒီပလပ်စတစ် ပစည်းတခုကို စွန့်ပစ်လိုက်လို့ ရေထဲရောက်သွားရင် အပိုင်းပိုင်း ဖြစ်သွားသည့်တိုင် နှစ်ပေါင်းရာနဲ့ချီပြီး သူ့ရဲ့ ဓါတုသတိကတော့ ပျောက်ပျယ် မသွားပါဘူး။ ဒါကို ပင်ယ် သတဝါတွေ စားမိတဲ့အခါ အစာမခြေဖျက်နိုင်ပဲ ဒုကရောက်ရတဲ့အပြင် အဆိပ်ပါ သင့်စေတာ ဖြစ်ပါတယ်။ဒီလို အဆိပ်သင့် ညစ်ညမ်းစေတာမို့ ပလပ်စတစ် ပစည်းတွေကို စည်းမဲ့ကမ်းမဲ့ စွန့်မပစ်သင့်ဘူးလို့ သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည် ကပြောပါတယ်။

CSIRO - Commonwealth Scientific and Industrial Research Organization ရဲ့ ပင်လယ်တွင်း ပလပ်စတစ် အမှိုက်တွေရဲ့ နောက်ဆက်တွဲအနရာယ် စူးမ်းမှု တခုမှာတော့ ပင်လယ်ငှက်သေ တကောင်ရဲ့ ဝမ်းပိုက်ထဲကနေ ကလေးဆော့တဲ့ အရုပ်ခေါင်းပိုင်းကလေးကစပြီး ပလပ်စတစ်အစပေါင်း ၁၅၀ ကျော်တွေ့ခဲ့တာပါ။ ဒါဟာ သူ့ခနာကိုယ် အလေးချိန်ရဲ့ ၅% ကနေ ၈% အထိရှိနေတာ ဖြစ်ပါတယ်။

ရေထဲက ပလပ်စတစ် အပိုင်းအစလေးတွေကို အစာမှတ်ပြီး ငှက်မိဘတွေက ငှက်ငယ်တွေကို ခွံ့ကျွေးမိလို့ သက်ဆိုးမရှည်ဖြစ်ရ တာမျိုးလည်း ရှိပါတယ်။ စွန့်ပစ်ထားတဲ့ ငါးဖမ်းပိုက် အစအနတွေကစပြီး ဈေးဝယ်လာတဲ့ ပစည်း ထုပ်တဲ့ ပလပ်စတစ်တွေ အထိ နေ့စဉ် ပလပ်စတစ် အပိုင်းအစပေါင်း သန်းနဲ့ချီပြီး ရေပြင်ထဲ ရောက်နေတာမို့ ဒီငှက်တွေ အပြင် ငါးတို့ လိပ်တို့လို ပင်လယ်မှာ ကျက်စားတဲ့ သတဝါ မျိုးစိတ်ပေါင်း ၂၅၀ လောက် ကိုပါ ထိခိုက်စေတာပါ။

ရေပြင်မှာ စွန့်ပစ်တဲ့ ပလပ်စတစ်တွေရဲ့ အနရာယ်က မသေးသလို မြေပြင်မှာ စွန့်ပစ်တဲ့ ပလပ်စတစ်တွေကလည်း အမှိုက်ပုံမှာ ပစ်ထားတာကို စားသောက်ကြတဲ့ သတဝါတွေကို ထိခိုက်စေပါတယ်။ အိနိယနိုင်ငံမှာတော့ အမှိုက်ပုံမှာ ပစ်ထားတာတွေကို အစာမှတ်ပြီး စားသောက်ကြတဲ့ နွားတွေ ဒုကရောက်နေကြတာမို့ ဒါဟာ တိရိစာန် ညှင်းပမ်းမှု တခုလို့သိလာအောင် ပညာပေးတာတွေ လုပ်နေကြပါတယ်။

မသိနားမလည်မှုက အနရာယ်ကို လက်ကမ်း ခေါ်နေတာမို့ ပလပ်စတစ် အနရာယ်ကို ကျယ်ကျယ် ပြန့်ပြန့် သိလာအောင် အစိုးရက တာဝန်ယူ လုပ်ဆောင်ပေးဖို့ လိုအပ်သလို လူထုလူ့အဖွဲ့အစည်း တွေကလည်း စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေး ဝိုင်းဝန်း ကျိုး ပမ်းကြဖို့ အရေးတကြီး လိုအပ်နေပါတယ်။

XS
SM
MD
LG