သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနဲ့ နည်းပညာ


မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဟာ ပွင့်လင်းတဲ့ ပုံစံပြောင်းလာတာတွေ့ရပြီး လူမှုအဖွဲ့တွေ NGO အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့ ပေါင်းပြီး မဲစာရင်း စစ်တာကနေ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို သိရအောင် နည်းပညာဆိုင်ရာ အကူညီပေး လုပ်ဆောင်လာတယ်လို့ ဒစ်ဂျစ်တယ် ကဝေ ကုမ္ပဏီက ကိုအောင်ခမ်းက ပြောပါတယ်။

ကွန်ပြူတာ အွန်လိုင်းကို အသုံးချပြီး အမတ်လောင်းတွေနဲ့ ပါတ်သက်တာတွေကို ရှာဖွေနိုင်မယ့် application တွေလုပ်နိုင်အောင် API လို့ခေါ်တဲ့ Application Interface ကို အခမဲ့ ကြည့်လို့ ရအောင်လည်း ထုတ်ပေးပါတယ်။ ဒီလို ထုတ်ပြန်ပေးတဲ့ အချက်လက်တွေ ပေါ်အခြေခံပြီး application တွေ အပြိုင်အဆိုင် ထုတ်လာအောင် လုပ်ပေးတာပါ။

ဖန်တီးရာလို နည်းပညာအဖွဲ့နဲ့ လက်တွဲပြီး နိုင်ငံတကာ ထောက်ပံ့မှုနဲ့ Hack Challenge လို့ခေါ်တဲ့ ပြိုင်ပွဲမျိုး ကျင်းပနိုင်အောင် ကော်မရှင် က ပါဝင်လုပ်ဆောင်ပေး ခဲ့တာမို့ ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ mvoter ၂၀၁၅ လို့ခေါ်တဲ့ application ထွက်လာပါတယ်။ အခုလို mobile application က ၄ခု ရှိတဲ့အပြင် ဖေ့ဘုတ်ကနေ လုပ်ဆောင်နေတာကတော့ မဲပေးစို့နဲ့ UEC facebook စာမျက်နှာတွေ ဖြစ်ပါတယ်။

နိုင်ငံတကာကလည်း သံရုံးတွေအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးတဲ့ အဖွဲ့အစည်းတွေက နည်းပညာဆိုင်ရာ အကူညီတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ပေးနေတာပါ။

မြန်မာလူငယ်တွေကလည်း သူတို့ကျွမ်းကျင်တဲ့ ကွန်ပြူတာ အွန်လိုင်းကနေ ရွေးကောက်ပွဲ မဲမသမာမှုတွေ မရှိအောင် ကျိုးစားမှုတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ စင်္ကာပူမှာ ကြိုတင်မဲပေးမှု အတွက် မကျေမနပ်ဖြစ်နေတဲ့ မြန်မာလူငယ်တွေက မဲမသမာမှု မရှိရအောင် သူတို့မဲပေးခဲ့သူ ဘယ်သူဆိုတာကို မှတ်တမ်းအဖြစ် ရှိနေအောင် လူသိရှင်ကြား ကိုယ့် ဖေ့ဘုတ်နဲ့ အွန်လိုင်းမှာ ကျေညာတာမျိုး campaign အသွင် လုပ်ဆောင်ကြတယ် လို့လည်း ပြောပါတယ်။

မြန်မာပြည်တွင်းမှာလည်း ဒါမျိုးပုံစံ လုပ်လို့ ရတဲ့ - မဲ app - လို့ခေါ်တဲ့ application တခု ရှိနေပြီး ကိုယ် ဘယ်ပါတီကို မဲပေးခဲ့တယ် ဆိုတာကို သိနိုင်တဲ့ အရင်းမြစ်တခု အနေနဲ့ လုပ်ထားတယ်လို့ ဆိုပါတယ်။ တကယ်လို့ တစုံတရာ ဖြစ်လာရင်၊ ကိုယ် ထင်ထားသလို မဟုတ်ရင် ပြန်လည်း တိုက်ကြည့် စစ်ဆေးနိုင်အောင် ရည်ရွယ်ချက်နဲ့ပါ။

အရင်ရွေးကောက်ပွဲနဲ့ စာရင် အခုရွေးကောက်ပွဲဟာ အရမ်းကွာခြားနေတာ တွေ့ရပြီး ခေတ်ပေါ် နည်းပညာရဲ့ ထောက်ပံ့မှုကြောင့် မျက်စိပွင့် နားပွင့် ဖြစ်လာပြီး ပြောရဲဆိုရဲတွေ ရှိလာတာပါ။ အွန်လိုင်း ကနေ ကင်ပိန်းတွေ အများအပြား လုပ်လာကြသလို ဒါကို တက်ကြွလှုပ်ရှားသူတွေ သာမက ပါတီတွေနဲ့ ကိုယ်စားလှယ်တွေကပါ အသုံးချတတ်လာတာ တွေ့ရပါတယ်။ ပါတီဝင်မဟုတ်ပေမယ့် ကိုယ် သဘောကျ နှစ်သက်တဲ့ ပါတီအတွက် ကိုယ့်သဘောနဲ့ ကိုယ် မဲဆွယ်ပေးတာတွေပါ ရှိလာနေပြီဖြစ်ပါတယ်။

အထူူးသဖြင့် မြန်မာနိုင်ငံသားတွေအတွက် ဖေ့ဘုတ်ရှိလာတာက အခုရွေးကောက်ပွဲ အတွက် သတင်း အချက်အလက်တွေကို အချိန်နဲ့ တပြေးထဲ ရနေတာ ဖြစ်ပြီး နည်းပညာရှင်တွေ အတွက်ကလည်း ဒီ ဖေ့ဘုတ်သုံးသူူ user တွေအတွက် အဓိက ဦးတည်ပြီး application တင်တာတွေ လုပ်လာနေတာပါ။

XS
SM
MD
LG