သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Voyager အာကာသ ခရီး


Voyager 1 and 2 are now in the "Heliosheath" - the outermost layer of the heliosphere where the solar wind is slowed by the pressure of interstellar gas. (NASA/JPL image)
Voyager 1 and 2 are now in the "Heliosheath" - the outermost layer of the heliosphere where the solar wind is slowed by the pressure of interstellar gas. (NASA/JPL image)

Voyager အာကာသယာဉ် နံပါတ် ၁ နဲ့ ၂ ကို ၁၉၇၇ ခုနှစ်မှာ အာကာသထဲ လွှတ်တင်ခဲ့တာပါ။ စကြာဝဠာရဲ့ တဖက်တချက်ကို ရောက်အောင် ဆန့်ကျင်ဘက်အရပ် ကို လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

Voyager ၁ ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပဲ စကြာဝဠာရဲ့ အစွန်းကို ရောက်ပြီး ခရီးဆက်သွားပြီ ဖြစ်ပေမယ့် Voyager ၂ ကတော့ ဒီနှစ်ထဲမှာမှ စကြာဝဠာကနေ ထွက်ဖို့ စီစဉ်ထားတာပါ။

Voyager ကိုလွှတ်တင်တာဟာ လကမ္ဘာကို ကျော်လွန်တဲ့အပြင် အင်္ဂါဂြိုဟ်၊ ကြာသပတေးဂြိုဟ်နဲ့ စနေဂြိုဟ်တွေကို ဖြတ်ကျော် ပြီး အခုကမ္ဘာရှိနေ တဲ့ နေစကြာဝဠာကနေ ထွက်ပြီး ခရီးဆက်နိုင်ဖို့ စီစဉ်ထားတာပါ။ ဒါဟာ လူသားတွေရဲ့ အကြီးကျယ်ဆုံး သုတေသနတခု ဖြစ်ပါတယ်။

ကမ္ဘာလို သက်ရှိတွေ နေနိုင်တဲ့ ဂြိုဟ်တွေ ရှိမရှိ၊ ရှိခဲ့ရင် အဆက်အသွယ်လုပ်လို့ ရမရ စူးစမ်းတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလွှတ်တင်ခဲ့တဲ့ Voyager ယာဉ်ပေါ်မှာ ရွှေဓါတ်ပြားချပ်ကို ထည့်ပေးလိုက်တာပါ။ ဒီဓါတ်ပြားထဲမှာ ဘာသာစကား ၅၅ မျိုးကို အသံသွင်းထည့်ပေးလိုက်ပြီး ဒီအထဲမှာ မြန်မာလို “နေကောင်းပါသလား” ဆိုတဲ့ နှုတ်ခွန်းဆက်သံပါ အသံသွင်း ထားတာ ဖြစ်ပါတယ်။

ကမ္ဘာဆိုတာ ဘယ်နေရာမှာ ရှိတယ်၊ ကမ္ဘာနဲ့ ဆက်နွယ်နေတဲ့ နေစင်္ကြာဝဋ္ဌာတွေရဲ့ ပုံတွေ၊ ကမ္ဘာပေါ်မှာ တွေ့ရတတ်တာတွေကို ရိုက်ထားတဲ့ ဓါတ်ပုံ ၁၁၅ ပုံနဲ့အတူ ရော့အင်ရို သီချင်း၊ ကမ္ဘာ့လူသားတွေရဲ့ ယဉ်ကျေးမှု၊ သိပ္ပွံဆိုင်ရာ သင်္ကေတတွေနဲ့ ဂီတသင်္ကေတတွေအပြင် တယောပုံတပုံလည်း ပါဝင်ပါတယ်။

XS
SM
MD
LG