သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေအောက်ရေကို ထိန်းသိမ်းဖို့


အရာတော်- စစ်ကိုင်းတိုင်း (ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန)
အရာတော်- စစ်ကိုင်းတိုင်း (ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန)

မြန်မာနိုင်ငံမှာ နွေရာသီ ရောက်လာတာနဲ့ တချို့ဒေသတွေမှာ သောက်သုံးရေ အခက်အခဲတွေနဲ့ ကြုံရလေ့ ရှိပါတယ်။

ရေအရင်းအမြစ်တွေထဲက မြေပေါ် မြစ်ချောင်း အင်းအိုင်တွေ အရေးပါသလို မြေအောက်ရေကလည်း အဓိကကျတဲ့ ကဏ္ဍကနေ ပါဝင်တာမို့ မြေအောက်ရေ သယံဇာတကို ရေရှည် သုံးနိုင်အောင် ထိန်းသိမ်းဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂ UNICEF မှာ ရေနဲ့ သန့်ရှင်းရေးဆိုင်ရာ ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဇလဘူမိဗေဒပညာရှင် ဦးညွန့်လွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ မြေအောက်ရေသုံးစွဲမှုဟာ တနှစ်ထက်တနှစ် ပိုပြီး များပြားလာတာမို့ ရေရှည်သုံး နိုင်အောင် မြေအောက်ရေ အရင်းအမြစ်တွေကို မဆုံးရှုံးအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒီလို ထိမ်းသိမ်းနိုင်အောင် မြေအောက်ရေ အနေအထားကို စံနစ်တကျ လေ့လာမှတ်တမ်းတင်ဖို့ လိုအပ်သလို ထုတ်ယူသုံးစွဲလိုက်တဲ့ ရေအတွက် အစားပြန်ဖြည့်ပေးနိုင်တဲ့ နေရာတွေကို မဖျက်ဆီးမိစေဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြေအောက်ရေ ထုတ်ယူမယ့် တွင်းတွေတူးရာမှာ စည်းကမ်းသတ်မှတ်ဖို့လိုပြီး စည်းကမ်းလိုက်နာအောင် ကြီးကြပ်ပေးရမှာလည်း ဖြစ်ပါတယ်။

မြေအောက်ရေအောင်းလွှာ ပျက်စီးသွားရင် ပြန်ပြုပြင်ဖို့ သိပ်ခက်ခဲတာမို့ သူ့ကို မပျက်စီးခင် ထိန်းသိမ်းတာဟာ ပိုကောင်းတဲ့ နည်းလမ်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် မြေအောက်ရေအောင်းလွှာတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့ကိစ္စဟာ အရေးတကြီး လိုအပ်နေတာပါ။ ဒီရေလွှာတွေကို ပျက်စီးစေတဲ့ထဲမှာ ဆားငံရေ ဝင်ပြီး ပျက်စီးတာမျိုး အများအပြား တွေ့နေရပါတယ်။ ရိုးရိုးစက်ရေတွင်းတွေမှာ ဆားငံရေလို သောက်သုံးရေအတွက် အန္တရာယ်ရှိတာမျိုး ဝင်လာကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ အများအပြားတွေ့နေရတာပါ။ အရင်တုန်းက ရန်ကုန် အလုံဘက်က ရေတွင်းတွေဟာ သန့်စင်တဲ့ ရေရခဲ့ပေမယ့် အခုအချိန်မှာတော့ တချို့တွင်းတွေရဲ့ အပေါ်ပိုင်းအလွှာတွေမှာ ဆားငံရေ နှောလာတာ တွေ့နေရတယ်လို့ ဆိုပါတယ်။

မသန့်စင်တဲ့ ရောနှောမှုတွေ ဖြစ်မလာစေဖို့ မြေအောက်ရေအောင်းလွှာတွေထဲက ကိုယ်မသုံးတဲ့ ရေမဖမ်းတဲ့ အလွှာတွေကို သေသေချာချာ လုံအောင်ပိတ်ဖို့ လိုအပ်သလို တွင်းအပေါ်ပိုင်း ကိုလည်း လုံအောင် ကွန်ကရစ်နဲ့ ပိတ်ဖို့ လိုအပ်ပါတယ်။

XS
SM
MD
LG