သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေအောက်ရေကို ထိန်းသိမ်းဖို့ - အပိုင်း (၂)


အရာတော်- စစ်ကိုင်းတိုင်း (ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန)
အရာတော်- စစ်ကိုင်းတိုင်း (ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန)

မြန်မာနိုင်ငံအတွက် ရေသယံဇာတ ဖူလုံစေဖို့ လုပ်နိုင်တဲ့ နည်းတွေထဲမှာ မြေအောက်ရေကို အစားပြန်ဖြည့်ပြီး ထိန်းသိမ်းတဲ့နည်းဟာ အရေးအပါဆုံးပဲလို့ ကုလသမဂ္ဂ UNICEF မှာ ရေနဲ့ သန့်ရှင်းရေဆိုင်ရာ ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဇလဘူမိဗေဒ ပညာရှင် ဦးညွန့်လွင်က ပြောပါတယ်။

မိုးတွင်းကာလ မိုးရေ အလျှံပယ်ရတဲ့ ဒေသတွေမှာ ရေကို မြစ်ချောင်းတွေထဲ လျှံနေအောင် စီးသွားစေတာထက် recharge basin လို့ ခေါ်နိုင်တဲ့ ရိုးရိုးကန်တွေနဲ့ ခံယူထားပြီး မြေအောက်ရေထဲ စိမ့်ဝင်သွားအောင် လုပ်ပေးတာက ရေသယံဇာတ ပြန်လည် ဖြည့်တင်းရေးမှာ သိပ်အသုံးဝင်တယ်လို့ ဆိုပါတယ်။

မြေပေါ်ရေကို မဆုံးရှုံးအောင် ထိန်းသိမ်းဖို့လုပ်ဆောင်မှုတွေထဲမှာတော့ ရေတွင်းရေကန်တွေရဲ့ မျက်နှာပြင် နှုတ်ခမ်းတွေကို ပီပီပြင်ပြင် သေသေသပ်သပ် ဆောက်လုပ်ဖို့ လိုသလို ရေကန်တွေအတွက် အောက်ခြေမှာ ရေမစိမ့်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဆုံးရှုံးမှုတွေထဲမှာ ရေကိုရေတွင်းရေကန်တွေမှာ သိမ်းဆည်းထားပြီးတဲ့နောက် သန့်ရှင်းစွာ မသုံးတတ်လို့ ရေကောင်းရေသန့် ဆုံးရှုံးရမှုအများ အပြား ရှိနေတာမျိုးလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG