သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီ မူဆလင် ဗလီတခု အကြမ်းဖက် တိုက်ခိုက်ခံရ


အကြမ်းဖက် တိုက်ခိုက်ခံလိုက်ရတဲ့Shi'ite မူဆလင် ဗလီ။ (မေ ၂၂၊ ၂၀၁၅)
အကြမ်းဖက် တိုက်ခိုက်ခံလိုက်ရတဲ့Shi'ite မူဆလင် ဗလီ။ (မေ ၂၂၊ ၂၀၁၅)

ဆော်ဒီ အာရေးဗီးယားနိုင်ငံ အရှေ့ပိုင်းက Shi'ite မူဆလင်ဗလီတခုအတွင်းမှာ အသေခံ ဗုံးဖောက်ခွဲမှုတခု ဖြစ်ပွားခဲ့ရာမှာ လူပေါင်း ဒါဇင်နဲ့ချီ ထိခိုက်သေဆုံးခဲ့ ပါတယ်။ Sunni မူဆလင်တွေ အများစု ရှိရာ ဆော်ဒီအာရေးဗီးယားနိုင်ငံ က အရှေ့ဖက် ကမ်းရိုးတန်းဒေသ Qatif မှာရှိတဲ့ Imam Ali ဗလီမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းနေချိန်မှာပဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

Qatif မြို့က ဗလီမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင် Saudi Press သတင်းအေဂျင်စီ က အတည်ပြု ကြေညာခဲ့ပါတယ်။ အင်တာနက် လူမှုကွန်ယက်တွေ မှာတော့ သွေးတွေပေကျံနေတဲ့ ဒဏ်ရာရ သူတွေနဲ့ သေဆုံးသူတွေကို ဗလီအပြင်ဖက်မှာ ရပ်ထားတဲ့ အရေးပေါ် ကားတွေပေါ်ကို သယ်ထုတ်နေတဲ့ ဓာတ်ပုံတွေကို တွေ့ခဲ့ကြရတာပါ။ ဗုံးပေါက်ကွဲ မှုကြောင့် ထိခိုက်သေဆုံးမှု အတိအကျကိုတော့ အတည်ပြုလို့ မရသေးသလို၊ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူကမှ သူတို့လက်ချက်ဖြစ်တယ်ဆိုပြီး ထုတ်ဖော်ပြောဆိုတာမျိုးလည်း မရှိသေးပါဘူး။

ဆော်ဒီနိုင်ငံမှာ ဒီလိုအကြမ်းဖက် တိုက်ခိုက်မှုမျိုး သိပ်မတွေ့ရတတ်ပေမဲ့လည်း အစွန်းရောက်သမားတွေရဲ့ ဆူပူအုံကြွမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အီရတ်နဲ့ ယီမင်နိုင်ငံတွေနဲ့ ဆော်ဒီနိုင်ငံဟာ နယ်စပ်ခြင်း ထိစပ်နေတာ ဖြစ်ပါတယ်။ ဒီကနေ့ သောကြာနေ့မှာပဲ လူတဒါဇင်ထက်မနည်း သေဆုံးခဲ့တဲ့ ယီမင်နိုင်ငံ Sana'a မြို့တော်က Shi'ite မူဆလင်ဗလီတခုမှာ ဗုံးခွဲတိုက်ခိုက်မှုကတော့ သူတို့လက်ချက်ဖြစ်တဲ့အကြောင်း IS စစ်သွေးကြွတွေက အင်တာနက် လူမှုကွန်ယက်တွေမှာ ပြောဆိုနေကြပါတယ်။

XS
SM
MD
LG