သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အပစ်ရပ် သဘောတူမှု စိန်ခေါ်ခံနေရပြီ


ဆီးရီးယားသမ္မတ Bashar al-Assad
ဆီးရီးယားသမ္မတ Bashar al-Assad

ဆီးရီးယားနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး တပတ်အတွင်းမှာ လုပ်နိုင်အောင် ဖိအားပေးဖို့ သဘောတူညီချက် တရပ်ကို ကမ္ဘာ့ခေါင်းဆောင်တွေ ကြေညာလိုက် အပြီး နာရီပိုင်းအတွင်းမှာပဲ၊ ဒီသဘောတူညီချက်အပေါ် စိန်ခေါ် အကဲစမ်းမှုတွေလည်း ပေါ်ပေါက်လာပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad က အစိုးရတပ်တွေ အနေနဲ့ တနိုင်ငံလုံး ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ စီစဉ်နေတဲ့ အကြောင်း သောကြာနေ့က ဖော်ပြ လိုက်တဲ့ AFP သတင်းဌာနနဲ့ မေးမြန်းခန်းအတွင်း ပြောကြားချက်ကြောင့် ၅ နှစ်နီးပါးကြာ ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေး သက်ဆိုင်သူတွေရဲ့ ကတိပြုပြောဆိုချက်တွေအပေါ် သံသယတွေလည်း ထွက်ပေါ်လာပါတယ်။

နယ်မြေတွေအားလုံးကို ပြန်လည်သိမ်းယူနိုင်ဖို့ အချိန်အကြာကြီး ယူရလိမ့်မယ်လို့ လည်း ဆီးရီးယား သမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အားပေးပေမဲ့ စေ့စပ်ညှိနှိုင်းမှုတွေကြောင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကို ရပ်ထားရမယ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူးလို့ လည်း ပြောဆိုခဲ့ပါတယ်။

အကဲခတ်တွေကတော့ ကြာသပတေးနေ့က ရရှိခဲ့တဲ့ သဘောတူညီချက်အရ သမ္မတ အာဆဒ်ရဲ့ တပ်ဖွဲ့တွေ အနေနဲ့ ရုရှားရဲ့ အကူအညီနဲ့ အတိုက်အခံသူပုန်တွေရဲ့ နယ်မြေတွေကို ဆက်လက် တိုက်ခိုက်ခွင့်ရနေမှာ ဖြစ်တာကြောင့် သဘောတူညီချက်မှာ အားနည်းချက်တွေ ရှိနေတယ်လို့ ထောက်ပြကြပါတယ်။

သဘောတူညီချက်မှာတော့ IS စစ်သွေးကြွတွေနဲ့ အယ်လ် နူစရာ (al Nusra) တပ်ဦးအဖွဲ့အပါအဝင် အကြမ်းဖက်သမားတွေကို အစိုးရတပ်တွေက တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ အချက်ကို ထည့်သွင်းထားတာမျိုးလည်း မရှိပါဘူး။

XS
SM
MD
LG