သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားနိုင်ငံ တွင်း လေ ကြောင်း တိုက်ခိုက်မှု ကြောင့် MSF ဆေးရုံ ပျက်စီး


ဆီးရီးယား လေကြောင်းတိုက်ခိုက်မှု နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က Aleppo မြို့မှာ ဖွင့်ထားတဲ့ ဆေးရုံထိမှန် ( ဧပြီ ၂၈၊ ၂၀၁၆)
ဆီးရီးယား လေကြောင်းတိုက်ခိုက်မှု နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က Aleppo မြို့မှာ ဖွင့်ထားတဲ့ ဆေးရုံထိမှန် ( ဧပြီ ၂၈၊ ၂၀၁၆)

ဆီးရီးယားနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတခုကြောင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က Aleppo မြို့မှာ ဖွင့်ထားတဲ့ ဆေးရုံတခုပျက်စီးပြီး လူ ၁၄ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။

သေဆုံးသူတွေထဲ သူပုန်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ လုပ်ကိုင်နေ တဲ့ နောက်ဆုံး တဦးတည်းသော ကလေးဆရာဝန် အပါအဝင် ဆရာဝန်နှစ်ဦး သေဆုံးသွားပါတယ်။ ကြာသပတေးနေ့ညဘက်က တိုက်ခိုက်မှုမှာ ကလေးငယ်သုံးဦးလည်း သေဆုံး သွားတယ်လို့ သတင်းတွေကပြောပါတယ်။

Aleppo မြို့မှာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်တာတွေ သိသိသာသာ တိုးလာချိန်မှာပဲ အခုတိုက်ခိုက်မှု ဖြစ်တာပါ။ သမ္မတ ဘာရှာ အယ်လ်-အာဆဒ်ကို ထောက်ခံတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ အစိုးရကိုဖြုတ်ချဖို့ ကြိုစားနေတဲ့ သူပုန်တပ်ဖွဲ့တွေ အကြား ပြီးခဲ့တဲ့ သီတင်း ပတ်တိုက်ခိုက်မှုတွေကြောင့် လူ ၂၀၀ နီးပါး သေဆုံးရပြီးပါပြီ။

အစိုးရထိန်းချုပ်ထားတဲ့ ရပ်ကွက်တွေကို သူပုန်တွေက ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်သလို အစိုးရ တိုက် လေယာဉ်တွေက လည်း လေကြောင်းကနေ ပြန်တိုက်ပါတယ်။

အခုတိုက်ပွဲတွေကြောင့် အပစ်ရပ် သဘောတူညီချက် ပျက်စီးတော့မယ့် အလားအလာဖြစ်နေပြီး ရန်လို တိုက်ခိုက်မှုတွေ ရပ်ဆိုင်း ရေးဆိုတဲ့ သဘောတူညီချက်ဟာ အသက်မဲ့လုနီးဖြစ်နေပြီလို့ ကုလသမဂ္ဂအထူးသံတမန် Staffan de Mistura ကပြောပါတယ်။

XS
SM
MD
LG