သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးးလွန်


ဆီးရီးယား သမ္မတ Bashar Assad.
ဆီးရီးယား သမ္မတ Bashar Assad.

ဆီးရီးယားအစိုးရဟာ ဖမ်းဆီးထားတဲ့ အရပ်သားတွေအပေါ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူးတွေက တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စွပ်စွဲလိုက်ပြီး ဒီလုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်ရာရာက်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းက အကျဉ်းထောင်တွေမှာ နေထိုင်ရတဲ့ ဘဝတွေ အကြောင်းနဲ့ ပတ်သက်လို့ လူပေါင်း ၆၀၀ ကျော်ကို တွေ့ဆုံ မေးမြန်းထားမှုအပေါ် အခြေခံပြီး ကုလသမဂ္ဂက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာမှာ သမ္မတ Bashar al-Assad အစိုးရဟာ အချိန်တိုင်းမှာ အကျဉ်းသားပေါင်း သောင်းနဲ့ချီပြီး ထိန်းသိမ်းထားပြီး၊ အခြား ထောင်ပေါင်းများစွာဟာလည်း ဖမ်းဆီးရပြီးတဲ့နောက်၊ သို့တည်းမဟုတ် လက်နက်ကိုင် အဖွဲ့အစည်းတွေ ရဲ့ ပြန်ပေးဆွဲခံကြရပြီးတဲ့နောက် မှာ ပျောက်ဆုံးကုန်ကြတယ်လို့ ဆိုပါတယ်။

ဆီးရီးယား အစိုးရဟာ ဖမ်းဆီးထားသူတွေကို အစာငတ် သေဆုံးအောင်၊ ဒါမှမဟုတ် ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ရောဂါတွေကနေ သေဆုံးအောင် အဲဒီ ဒဏ်ရာတွေကို ဆေးကုသမှုမပေးပဲ ပစ်ထားလေ့ရှိတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သမ္မတ အာဆဒ် အစိုးရဟာ အရပ်သား ပြည်သူတွေအပေါ် ရာဇဝတ်မှု မျိုးစုံကို ကျူးလွန်နေတာမှာ အဲဒီ လုပ်ရပ်တွေကို စံနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်တယ်လို့ လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာဟာ ဆီးရီးယား ပြည်တွင်းစစ်ရဲ့ ပထမ ၄ နှစ်ခွဲကာလဖြစ်တဲ့ ၂၀၁၁ မတ်လနဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအကြား ကာလကို အခြေခံပြီး ပြုစုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG