သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဒုက္ခသည်တွေအတွက် တူရကီနယ်စပ်ဖွင့်ပေးဖို့ EU တောင်းဆို


ဆီးရီးယားနိုင်ငံ အလက်ပိုနယ်မှာ အစိုးရရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကြောင့် ဒီတပတ်ထဲမှာ ထွက်ပြေးလာကြတဲ့ ထောင်ပေါင်းများစွာသော ဆီးရီးယား အရပ်သားတွေအတွက် နယ်စပ်ဂိတ်တွေကို ဖွင့်ပေးဖို့ ဥရောပသမဂ္ဂ (EU) တာဝန်ရှိသူတွေက တူရကီအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာကို လက်ခံဖြေရှင်းနိုင်တဲ့ တိုင်းပြည်တခုဖြစ်ဖို့ ကတိပြုထားတဲ့အတိုင်း အကောင်အထည်ဖော်ရေး EU အနေနဲ့ အားပေးတဲ့အကြောင်း EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini က ဥရောနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးတို့ကို စနေနေ့က အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

“ဆီးရီးယားနိုင်ငံထဲကနေ ထွက်ပြေးလာကြသူတွေဟာ နိုင်ငံတကာအကာအကွယ် လိုအပ်ကြတဲ့ ဆီးရီးယားနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ မေးနေစရာမလိုပါဘူး” - လို့လည်း နယ်သာလန်နိုင်ငံ အမ်စတာဒန်မှာ ကျင်းပနေတဲ့ အစည်းအဝေးမှာ EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ က ပြောဆိုခဲ့တာပါ။

တူရကီဝန်ကြီးချုပ် Ahmet Davutoglu ကတော့ - ဒုက္ခသည်တွေကို ဝင်ခွင့်ပြုမယ်လို့ လွန်ခဲ့တဲ့ ၂ ရက်က လန်ဒန်မှာ ကျင်းပတဲ့ ဆီးရီးယားအလှူရှင်များရဲ့ ညီလာခံမှာ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း တူရကီနဲ့နယ်စပ် ဆီးရီးယားဘက်ခြမ်းမှာ ဒီတပတ်ထဲ ရောက်လာတဲ့ ထောင်သောင်းချီတဲ့ အရပ်သားဒုက္ခသည်တွေကတော့ - တူရကီအာဏာပိုင်တွေကနေ ဘေးအန္တရာယ်ကင်းကင်းနဲ့ နယ်စပ်ကို ဖြတ်သန်းခွင့်ပေးဖို့ မျှော်လင့်ချက်ကို စောင့်ဆိုင်းရင်း ပိတ်မိနေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG