သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ငလျင်မှာ အသက်မသေကျန်ရစ်သူ ၂ ဦးတွေ့


ထိုင်ဝမ်ငလျင်မှာ အသက်မသေကျန်ရစ်သူ ၂ ဦးတွေ့ရှိခဲ့ပါတယ်။
ထိုင်ဝမ်ငလျင်မှာ အသက်မသေကျန်ရစ်သူ ၂ ဦးတွေ့ရှိခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းပေါ်က Tainan မြို့မှာ လူပေါင်း ၃၆ ယောက်ထက် မနည်း သေဆုံးခဲ့ရတဲ့ သောကြာနေ့က အင်အားပြင်း ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ၁၇ ထပ်တိုက်ရဲ့ အပျက်အစီးပုံတွေ ကြားကနေ အသက်ရှင်လျက်လူ ၂ ယောက်ကို ဒီကနေ့မနက်ပိုင်းမှာပဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ Tsao Wei-ling လို့ခေါ်တဲ့ အမျိုးသမီးကို သူ့ယောက်ကျ်ားရဲ့ အလောင်းအောက်ပိနေရာကနေ ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သူတို့ရဲ့သားဖြစ်တဲ့ အသက် ၂ နှစ်အရွယ်ကလေးရဲ့ အလောင်းကိုလည်း သူတို့ဘေးမှာ တွေ့ခဲ့ရတာပါ။ အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက အဲ့ဒီအမျိုးသမီးရဲ့ မိသားစုဝင်ငါးဦးကိုလည်း ရှာဖွေနေပါတယ်။

နောက်ထပ် ကယ်ဆယ်နိုင်ခဲ့သူကတော့ Li Tsung-tian ဆိုသူဖြစ်ပါတယ်။ သူ့ကို ကယ်ဆယ်ဖို့ ကြိုးစားနေချိန် တလျှောက်လုံးမှာ ကယ်ဆယ်ရေးသမားတွေနဲ့ သူနဲ့ အပြန်အလှန် စကားပြောနေခဲ့တယ်လို့ မြို့တော်ဝန်ကပြောပါတယ်။

အပျက်အစီးပုံ အောက်ကနေ လူပေါင်း ၃၀၀ ထက်မနည်း ကယ်တင်နိုင်ခဲ့ပြိး လူတရာကျော်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ တိုင်နန်အစိုးရ လက်ထောက်အထွေထွေ အတွင်းရေးမှုး Liu Shih Chung က VOA ကိုပြောပါတယ်။ ငလျင်ဒဏ်ခံရသူတွေအတွက် ကယ်ဆယ်ရေးလုပ်သားအဖွဲ့ ၁၆ ဖွဲ့နဲ အယောက် ၅၀၀ ထက်မနည်းတဲ့ အကြံပေးပညာရှင်တွေ ပူးပေါင်းပြီး လုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။ ငလျင်လှုပ်ခဲ့တာ သုံးရက် ကြာလာပြီဖြစ်လို့ ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက် ကယ်တင်နိုင်ဖို့ မျှော်လင့်ချက် နည်းပါးလာနေတာနဲ့အမျှ သူတို့အနေနဲ့ အခက်ခဲဆုံး နေရာတွေမှာ ရှာဖွေကယ်ဆယ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း Liu ကပြောပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေ၊ မီးသတ်သမားတွေနဲ့ စေတနာ့ ဝန်ထမ်းတွေက မြေကော်တဲ့ ကရိန်းစက်ကြီးတွေ၊ ပေါက်တူး ပေါက်ချွန်းတွေကို သုံးပြီး အသက်ရှင် ကျန်ရစ်သူတွေကို ခက်ခက်ခဲခဲ လိုက်လံ ရှာဖွေနေကြ သလို၊ ဆေးဝန်ထမ်းတွေနဲ့ အရေးပေါ်လူနာတင်ကားတွေကလည်း အနီးအနားမှာ အဆင့်သင့် စောင့်ဆိုင်းနေကြပါတယ်။

XS
SM
MD
LG