သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်အုပ်ချုပ်ရေး မကြာမီ ရုပ်သိမ်းဖွယ်ရှိ


ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းဖို့ ဘုရင့်ဆီမှာ ခွင့်ပြုချက် တောင်းထားပြီးပြီလို့ ထိုင်းနိုင်ငံကိုအုပ်ချုပ်နေတဲ့ စစ်ကောင်စီအကြီးအကဲက ပြောလိုက်ပါတယ်။

စစ်အုပ်ချုပ်ရေး ရုပ်မယ် မရုပ်ဘူး ဆိုတာကို ဘုရင် Bhumibol Adulyadej က ဆုံးဖြတ်လိမ့်မယ်လို့ ဝန်ကြီးချုပ် Prayuth Chan-ocha က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။ ဒါပေမဲ့လည်း ဘုရင့်ဆီခွင့်တောင်းတယ်ဆိုတာက လုပ်ရိုးလုပ်စဉ် တခုအနေနဲ့ပဲ လုပ်တာပါ။

စစ်အုပ်ချုပ်ရေး ပြဌာန်းထားတာကြောင့် စစ်တပ်မှာ လုပ်ပိုင်ခွင့်အပြည့်ရှိပြီး၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်တာ၊ နိုင်ငံရေး ပြိုင်ဘက်တွေကို ဖြိုခွဲတာ၊ လူ ငါးယောက်ထက်ပိုပြီး မစုဝေးရတာလိုမျိုး ထိန်းချုပ်မှုတွေကို ချမှတ်ထားတာဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကို အစားထိုးမယ့် အမိန့်အသစ်ကို မကြာခင်မှာ ကြေညာမယ်လို့ စစ်အစိုးရခေါင်းဆောင်က ပြောပါတယ်။ ဒါပေမဲ့လည်း အဲဒီအမိန့်ဟာ စစ်တပ်ကို လုပ်ပိုင်ခွင့် အပြည့်အဝပေးထားတဲ့ ကြားကာလ အခြေခံဥပဒေ ပုဒ်မ ၄၄ ပေါ်မှာပဲ အခြေခံမှာ ဖြစ်ပါတယ်။

အသစ်ထုတ်ပြန်မယ့် အမိန့်အရ အရပ်သားတွေကို စစ်ခုံရုံးတွေမှာ ဆက်ပြီး တရားစစ်ဆေး စီရင်နိုင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ရွေးကောက်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ကို တရားရုံးအမိန့်နဲ့ ဖယ်ရှားပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် မေလမှာ ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်တာပါ။ အဲဒါဟာ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၈၀ အတွင်း စစ်တပ်က ၁၂ ကြိမ်မြောက် အာဏာသိမ်းတာဖြစ်ပါတယ်။

XS
SM
MD
LG