သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာ တာဝန်သိဖို့ ထိုင်းဝန်ကြီးချုပ်ပြောကြား


ထိုင်းဝန်ကြီးချုပ်နဲ့ သတင်းမီဒီယာများ။
ထိုင်းဝန်ကြီးချုပ်နဲ့ သတင်းမီဒီယာများ။

သတင်းမီဒီယာတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီး တာဝန်သိသိ ရေးသားတင်ပြကြဖို့ ထိုင်း စစ်အာဏာသိမ်း ခေါင်းဆောင် ဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာက တိုက်တွန်းလိုက်ပါတယ်။ ခြောက်လကြာသက်တမ်းအတွင်း သူ့အစိုးရအဖွဲ့ရဲ့ အောင်မြင်မှုတွေအကြောင်း သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲလုပ် ပြောဆိုချိန်အတွင်း သူက အဲဒီလို တိုက်တွန်းသွားတာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့၊ ဘုရင်စနစ်ကိုစော်ကားမှု ကာကွယ်တဲ့ဥပဒေနဲ့ ပတ်သက်ပြီးတော့လဲ ဝန်ကြီးချုပ်က ခုခံပြောဆိုသွားပါတယ်။ အဲဒီဥပဒေအရ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကို ပုတ်ခတ်စော်ကားတယ်လို့ ယူဆသူ ဘယ်သူ့ ကိုမဆို ပြင်းထန်တဲ့ထောင်ဒဏ် ချမှတ်နိုင်တာပါ။

ထိုင်းနိုင်ငံကို အရင်က နားမလည်ခဲ့တဲ့ နိုင်ငံခြားတိုင်းပြည်တွေ အခုတော့ နားလည်သွားကြပြီဖြစ်တဲ့အကြောင်း၊ သူတို့က ဖျက်သိမ်းစေချင်တဲ့ အဲဒီဥပဒေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ရှင်းပြပြီးဖြစ်ကြောင်း၊ တယောက်ယောက်က ခင်ဗျားတို့ကို ဝေဖန်ရင် လက်ခံမလားလို့ သူတို့ကို မေးခဲ့ကြောင်း၊ ကျနော်တို့အနေနဲ့တော့ လက်မခံနိုင်ကြောင်း စသည်ဖြင့် ထိုင်းဝန်ကြီးချုပ်က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

XS
SM
MD
LG