သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအာဏာသိမ်း စစ်ဗိုလ်ချုပ် ပြိုင်ဘက်မဲ့ ဝန်ကြီးချုပ်ဖြစ်လာ


အာဏာသိမ်း စစ်ခေါင်းဆောင်၊ Prayuth Chan-ocha ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင်။ (သြဂုတ် ၂၁၊ ၂၀၁၄)
အာဏာသိမ်း စစ်ခေါင်းဆောင်၊ Prayuth Chan-ocha ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင်။ (သြဂုတ် ၂၁၊ ၂၀၁၄)

ထိုင်းနိုင်ငံမှာ စစ်တပ်က သွေးထွက်သံယိုမှုမရှိပဲ အာဏာသိမ်းခဲ့ပြီးတဲ့နောက် သုံးလအကြာမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ လွှတ်တော်က ဗိုလ်ချုပ်ကြီး ပရာရွတ် ချန် အိုချာကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက် တင်မြှောက်လိုက်ပါတယ်။ အသက် ၆၀ ရွယ် ဗိုလ်ချုပ်ကြီးဟာ ပရာရွတ်ကို ဒီရာထူးအတွက် ရွေးချယ်ခံရမယ်လို့ အစောပိုင်းထဲက သိရှိထားခဲ့ပြီး ဒီကနေ့မှာ တခဲနက် ရွေးကောက် တင်မြှောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ် အစိုးရ ဖယ်ရှားခံခဲ့ရချိန်ကတည်းက မစ္စတာ ပရာရွတ်က စစ်တပ်ကို ဦးဆောင်နေတာပါ။


၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်း ဖယ်ရှားခံခဲ့ရတဲ့ မစ္စယင်းလပ်ရဲ့ အစ်ကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နာဝပ် ရာထူးက ဆင်းပေးခဲ့ရချိန်ကတည်းက ထိုင်းနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားနေခဲ့တာပါ။ ထိုင်းနိုင်ငံရဲ့ အစဉ်အလာ နိုင်ငံရေး ကျေးရတက် အသိုင်းအဝိုင်းကတော့ မစ္စတာ တက်ဆင်တို့ မောင်နှမ ကို ခါးခါးသီးသီး ဆန့်ကျင်နေတာ ဖြစ်ပါတယ်။


မစ္စတာ ပရာရွတ်အနေနဲ့ ရှေ့လထဲမှာ စစ်တပ်အကြီးအကဲ ရာထူးကို စွန့်လွှတ်မှာဖြစ်ပြီး၊ ဝန်ကြီးချုပ်အဖြစ် နောက်ဆုံး အတည်ပြုချက်ကို တော့ ထိုင်းဘုရင် ဘူမိဘော အက်ဒူရာဒက်ဂျ်က အတည်ပြုပေးရမှာဖြစ်ပါတယ်။ မစ္စတာ ပရာရွတ်အနေနဲ့ လာမယ့် ၂၀၁၅ ခုနှစ်အကုန် ရွေးကောက်ပွဲသစ်တွေ ကျင်းပမယ့်အချိန်အထိ တိုင်းပြည်ကို အုပ်ချုပ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG