သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Thanksgiving ကာလခရီးသွား နှင်းမုန်တိုင်းဖျက်


Thanksgiving ကျေးဇူးတော်နေ့ အားလပ်ရက် ခရီးသွားလာမှု အများဆုံးကာလမှာ ဒီနှစ်အတွက် သန်းနဲ့ချီရှိတဲ့ အမေရိကန် နိုင်ငံသားတွေအတွက် အခက်အခဲ ကြုံတွေ့ရဖွယ်ရှိပါတယ်။

ကြာသပတေးနေ့မှာကျရောက်တဲ့ Thanksgiving နေ့မှာ မိန်းပြည်နယ်ကနေ မြောက်ကယ်ရိုလိုင်းနားအထိ အရှေ့ဘက်ကမ်းကို နှင်းမုန်တိုင်း ကျရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

မိုးကြီးပြီး လေပြင်းထန်ကာ အနောက်ဘက်ရှိ တချို့ဒေသတွေမှာ နှင်း ၁၅ လက်မအထိ ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ Boston၊ New York နဲ့ Philadelphia အစရှိတဲ့ မြို့ကြီးတွေမှာ အဓိက ကြုံတွေ့နိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ခရီးသွားတွေအနေနဲ့ စောထွက်ကြပြီး လေဆိပ်တွေမှာ ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။

XS
SM
MD
LG