သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-တူရကီ စကားစစ်ပွဲ


ရုရှားသမ္မတ Vladimir Putin နဲ့ တူရကီသမ္မတ Recep Tayyip Erdogan ( ဒီဇင်ဘာ ၃၊ ၂၀၁၂)
ရုရှားသမ္မတ Vladimir Putin နဲ့ တူရကီသမ္မတ Recep Tayyip Erdogan ( ဒီဇင်ဘာ ၃၊ ၂၀၁၂)

ရုရှားတိုက်လေယာဉ်တစင်းကို တူရကီက ပစ်ချလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ၂ နိုင်ငံကြား သောကြာနေ့အထိ စကားစစ်ပွဲ ဆက်လက် ဆင်နွှဲနေကြပြီး တူရကီ သမ္မတ Recep Tayyip Erdogan ကတော့ ရုရှားအနေနဲ့ မီးနဲ့ ဆော့မကစားဖို့ သတိပေးလိုက်ပါတယ်။

IS စစ်သွေးကြွတွေကို တိုက်ခိုက်နေတယ်ဆိုပြီး ဆီးရီးယားသမ္မတ Bashar al-Assad ကို ဆန့်ကျင်နေတဲ့ အုပ်စုတွေကို တိုက်ခိုက်တာ၊ ဆီးရီးယားနိုင်ငံထဲမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ ထရပ်ကားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေလို လုပ်ရပ်တွေနဲ့ ရုရှားနိုင်ငံက မီးနဲ့ကစားနေတယ်လို့ တူရကီနိုင်ငံ အရှေ့မြောက်ဖက်က Bayburt မြို့မှာ မိန့်ခွန်းပြောကြားစဉ် တူရကီသမ္မတက ထည့်သွင်း ပြောကြားသွားတာပါ။

တူရကီနယ်စပ်အနီး ဆီးရီးယားနိုင်ငံတွင်းမှာ တူရကီနိုင်ငံက အကူအညီပေးရေး ယာဉ်တန်းတခုကို ရုရှားလေယာဉ်က ဗုဒ္ဓဟူးနေ့မှာ ပစ်ခတ်ခဲ့တဲ့အတွက် လူ ၇ ယောက် သေဆုံးပြီး၊ ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း တူရကီအစိုးရ သတင်းဌာနနဲ့ တူရကီ အကူအညီပေးရေး အဖွဲ့တဖွဲ့တို့က ပြောပါတယ်။

အင်္ဂါနေ့တုန်းက ရုရှားတိုက်လေယာဉ်ကို တူရကီက ပစ်ချခဲ့ပြီးနောက်မှာ ရုရှားနိုင်ငံက ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး၊ ဆီးရီးယားပဋိပက္ခမှာ ဆန့်ကျင်ဖက်ပါဝင်နေတဲ့ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်လို့ သတိပေးခဲ့တဲ့အတွက် နိုင်ငံတကာ ပဋိပက္ခတခုအသွင် ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ကြီးထွားလာခဲ့ပါတယ်။

အကြမ်းဖက်သမားတွေနဲ့ စီးပွားရေးလုပ်နေတဲ့ သူတွေ၊ နိုင်ငံရေး ရည်မှန်းချက်အတွက် အသုံးချနေသူတွေဟာ မီးနဲ့ကစားနေသူတွေ ဖြစ်တယ်လို့ ရုရှားသမ္မတ Vladimir Putin က မှတ်ချက်ပေးခဲ့ပြီး နောက်တနေ့မှာပဲ တူရကီသမ္မတရဲ့ ပြောကြားချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG