သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ် Minsk ညီလာခံခေါင်းဆောင်တွေ ထောက်ခံ


ယူကရိန်းနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား ဆွေးနွေးစကားပြောဆိုဖို့ သဘောတူညီမှု ရရှိလိုက်တာဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အပစ်ခတ်ရပ်စဲရေးကိုပါ ရရှိစေနိုင်ပါတယ်။

ရုရှားသမ္မတ Vladimir Putin နဲ့ ယူကရိန်းသမ္မတ Petro Poroshenko တို့ ၂ ဦးဟာ Belarus မြို့တော် Minsk မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် သဘောတူညီမှု ရရှိခဲ့တဲ့အကြောင်းကို အင်္ဂါနေ့ နှောင်းပိုင်းမှာ သီးခြားစီ ထုတ်ပြန် ကြေညာခဲ့ကြတာပါ။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေကို အမြန်ဆုံး အဆုံးသပ်နိုင်စေရေးအတွက် လိုအပ်ချက်တွေနဲ့ အမြန်ဆုံး နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်နိုင်ဖို့ လိုအပ်ချက်တွေကို ခေါင်းဆောင် ၂ ယောက် ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာ Putin က ပြောပါတယ်။

မစ္စတာ Poroshenco ကလည်း အပစ်ရပ်ရေးဆွေးနွေးဖို့ လမ်းပြမြေပုံတခုကို အမြန်ဆုံး ရေးဆွဲမယ်လို့ ပြောဆိုပါတယ်။ သဘောတူညီမှု မှန်သမျှဟာ ၂ ဘက်စလုံးရဲ့ လိုလားထောက်ခံမှုရဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အဖွဲ့အစည်းတွေ အများအပြား ပါဝင်ခဲ့တဲ့ ဆွေးနွေးပွဲကို EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton နဲ့အတူ Kazakhstan နဲ့ Belarus နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ လည်း တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG