သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အိုဘားမား ကြိုးပမ်းမှု ကုလချီးကျူး


ကုလအတွင်းရေးမှူးချုပ် Ban Ki-moon (ဝဲ) အမေရိကန်သမ္မတ Barack Obama (ယာ)
ကုလအတွင်းရေးမှူးချုပ် Ban Ki-moon (ဝဲ) အမေရိကန်သမ္မတ Barack Obama (ယာ)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အမေရိကန်သမ္မတအနေနဲ့ ကာဗွန်ဓာတ်ငွေ့ထုတ်တာ လျှော့ချဖို့ တိုက်တွန်းတာကို ချီးကျူးလိုက်ပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အမေရိကန် သမ္မတ ဘားရာ့ (ခ်) အိုဘားမားအနေနဲ့ အမေရိကန် စွမ်းအင်စက်ရုံတွေကနေ ကာဗွန်ထုတ်နေတာကို ကြီးကြီးမားမားလျှော့ချပေးဖို့ ဆက်စီစဉ်နေတာဟာ “အမြော်အမြင်နဲ့ သတ္တိရှိတဲ့ ခေါင်းဆောင်မှု” ကို ပြသလိုက်တာဖြစ်တယ်လို့ မနေ့က ချီးကျူးလိုက်ပါတယ်။

တကယ်တော့ သမ္မတအိုဘားမားအနေနဲ့ ၂၀၃၀ ရောက်ရင် ဒီကာဗွန်ထုတ်လုပ်မှုပမာဏကို ၂၀၀၅ ခုနှစ်မှာထုတ်ခဲ့တဲ့ ကာဗွန်ပမာဏရဲ့ ၃၂ % အောက်ရောက်အောင် လျှော့ချပေးဖို့ တောင်းဆိုလိုက်တာကို အမေရိကန် စက်မှုလုပ်ငန်းအဖွဲ့တွေက ဒါဟာ ကုန်ကျမှုကြီးပြီး တရားမဝင်ဘူးလို့ ကန့်ကွက်ထားပါတယ်။

အိမ်ဖြူတော်မှာ သမ္မတအိုဘားမားနဲ့တွေ့အပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရာသီဥတုပြောင်းလဲမှုပြဿနာနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားရဲ့ အခိုင်အမာ သက်ဝင်ယုံကြည် အလေးအနက်ထားမှုကို သူသမ္မတ စဖြစ်ကတည်းက ယုံထားပြီးသားပါလို့ ထုတ်ပြောခဲ့ပါတယ်။

မစ္စတာအိုဘားမားက ခုလို ရာသီဥတုပြောင်းလဲမှုအပေါ် ဒီပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုတွေဟာ ဒီနေ့ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ ပြဿနာဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဒါ့အပြင် သမ္မတအိုဘားမားကပဲ ပြင်သစ်ညီလာခံက ချမှတ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်စံနှုန်းတွေ လက်တွေ့အောင်မြင်လာဖို့ လိုနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG