သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bond မင်းသားကို မြေမြှုပ်မိုင်းပပျောက်ရေး ကုလချစ်ကြည်ရေးသံအဖြစ်ခန့်


ကမ္ဘာပေါ်မှာ လူအကြိုက်များဆုံး သည်းထိတ်ရင်ဖို ဗြိတိသျှ သူလျှိုဇာတ်လမ်းတွေမှာ ပါဝင်တဲ့ ဂျိမ်းစ်ဘွန်းမင်းသား Daniel Criag ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂရဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲပစ္စည်းအန္တရာယ် ပပျောက်ရေး ပထမဆုံး နိုင်ငံတကာ ချစ်ကြည်ရေးသံတမန်အဖြစ် အင်္ဂါနေ့က တာဝန်ပေးအပ်လိုက်ပါတယ်။

မစ္စတာဘန်ကီမွန်းက ဂျိမ်းစ်ဘွန်းမင်းသားအနေနဲ့ လူသတ်ခွင့်လိုင်စင်ရှိသလို အခု Daniel Criag အနေနဲ့ အသက်ကယ်ဆယ်ခွင့်လိုင်စင်ကို သူ့အနေနဲ့ ပေးအပ်ကြောင်း အခမ်းအနားမှာ ပြောသွားပါတယ်။

မင်းသား Daniel Criag က သူ့အနေနဲ့ အခုလို တာဝန်ပေးအပ်ခြင်းခံရတာကို ဂုဏ်ယူတဲ့အကြောင်းနဲ့ သာမန်လူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝကို အထောက်အကူပြုဖို့ အသက်ပေး ဆောင်ရွက်လုပ်ကိုင်နေကြသူတွေနဲ့ သူလက်တွဲ ဆောင်ရွက်ခွင့်ရမှာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ဂုဏ်ယူကြောင်း တုံ့ပြန်ပြောဆိုသွားပါတယ်။

ဂျိမ်းစ်ဘွန်းမင်းသား Daniel Criag ဟာ သူရဲ့ထင်ပေါ်ကျော်ကြားမှုကို အခြေပြုပြီး မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲပစ္စည်းများ အန္တရာယ် ပပျောက်ရေး နိုးကြားမှုရှိစေဖို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ချစ်ကြည်ရေးသံတမန်အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG