သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရဲတပ်ဖွဲ့ လုပ်ဆောင်ပုံ စုံစမ်း စစ်ဆေးဖို့ ကုလတောင်းဆို


Ferguson အရေး ဆန့်ကျင် ဆန္ဒပြပွဲများ။
Ferguson အရေး ဆန့်ကျင် ဆန္ဒပြပွဲများ။

ရဲတပ်ဖွဲ့ရဲ့ မတရား ပြုမူလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ နှိပ်စက် ညှဉ်းပန်းမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ ကော်မတီက အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းနေပါတယ်။ မစ်ဇူရီပြည်နယ်မှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက်တဦး ကို သေနတ်နဲ့ပစ်သတ်လိုက်တဲ့ လူဖြူရဲအရာရှိတဦးကို တရားမစွဲဖို့ ဂျူရီလူကြီးတွေပါဝင်တဲ့ အဖွဲ့တဖွဲ့က ဆုံးဖြတ်လိုက်တဲ့အပေါ် မကျေနပ်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေချိန်မှာပဲ အခုလို တိုက်တွန်းတာပါ။

အထူးသဖြင့် လူနည်းစု လူမျိုးစုတွေနဲ့ တိုင်းရင်းသားတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ ရက်စက်တဲ့ပြုမူမှုနဲ့ အင်အားအလွန်အကျွံ အသုံးပြုမှု တွေနဲ့ပတ်သက်ပြီး တင်ပြချက်အများအပြား ရှိနေတဲ့အပေါ် စိုးရိမ်တဲ့ အကြောင်း သောကြာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကုလသမဂ္ဂကော်မတီက ပြောထားပါတယ်။ လက်နက်မဲ့ လူမည်းပုဂ္ဂိုလ်တွေကို ရဲတွေက ပစ်ခတ်တာ ဒါမှမဟုတ် အသက်သေ ဆုံးရတဲ့ထိ လိုက်လံဖမ်းဆီးတာတွေဟာ မကြာခနဆိုသလိုနဲ့ ထပ်ခါတလဲလဲ ဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို စောဒကတက်တာတွေနဲ့ ပတ်သက်ပြီး အမေရိကန်တာဝန်ရှိသူတွေက အချက်အလက်တွေ မပေးသလို ဘယ်လို စုံစမ်း စစ်ဆေး အရေးယူတယ်ဆိုတာတွေကိုလည်း မပြောဘူးလို့ သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်သူ ကော်မတီအဖွဲ့ဝင် ဆယ်ဦးထဲက တဦးဖြစ်တဲ့ Jens Modvig ကပြောပါတယ်။ ဒါဟာဖြင့် ၂၀၀၆ ခုနှစ်ကတည်းကဆိုရင် ဒီကုလသမဂ္ဂကော်မတီက အမေရိကန်ပြည်ထောင်စုကို လေ့လာသုံးသပ်တာ ပထမဆုံး အကြိမ်ပါပဲ။

XS
SM
MD
LG