သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုလွှတ်တော် ရပ်နား


ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်

ပြည်ထောင်စုလွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ဒီကနေ့ ရပ်နားလိုက်ပြီဖြစ်ပါတယ်။ နိုဝင်ဘာလမှာ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ အခုလို ရပ်နားလိုက်တာပါ။ နောက်ဆုံးနေ့အဖြစ် ကျင်းပတဲ့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အတွင်း မှာတော့နိုင်ငံတော်သမ္မတ ကနေ သဘောထား မှတ်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ တလင် တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးပြီးနောက် အတည်ပြုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက ဒီဥပဒေကြမ်းမှာ မူလကပါဝင်ဖော်ပြထားတဲ့ တရားဝင် အိမ်ထောင်ရှိရက်နဲ့ နောက်အိမ်ထောင် တရားဝင်ပြုပါက ဥပဒေအရအရေးယူနိုင်တယ် ဆိုတဲ့ အချက်အပြင် တရားဝင်လက်ထပ်ခြင်းမရှိဘဲ လင်မယားအဖြစ် နေထိုင်ခြင်းကိုပါ ဥပဒေကြောင်းအရ အရေးယူဖို့ ထပ်မံဖြည့်ထားတဲ့ အပေါ် မဲခွဲဆုံးဖြတ်ခဲ့တာမှာ ထပ် ဖြည့်တဲ့ဘက်က မဲအသာကြောင့် ဒီဥပဒေ အတည်ဖြစ်တာပါ။

အတည်ပြုလိုက်တဲ့ ဒီဥပဒေမှာ ပုဒ်မ ၂၀ ပါဝင်ပြီး မြန်မာနိုင်ငံ တွင်း နေထိုင် သူ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားတွေ အပြင်မြန်မာနိုင်ငံ မှာ နေထိုင်စဉ် နိုင်ငံသား နဲ့ လက်ထပ်တဲ့ နိုင်ငံခြားသားတွေ အပေါ်မှာပါ အကျုံးဝင် သက်ရောက်ဖို့ ဖော်ပြထားပါတယ်။

မကြာခင်လတွေမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ကြိုတင်ပြင်ဆင်နိုင်ဖို့ နဲ့ ရေဘေးသင့်ပြည်သူတွေ အတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး အတွက် အနီးကပ်ကြီးကြပ် အကူအညီပေးနိုင်ဖို့ ပြည်ခိုင်ဖြိုးပါတီ အမတ်တွေရဲ့ အဆိုတင်သွင်းမှုအပြီး မဲခွဲဆုံးဖြတ်ကာ အမျိုးသားလွှတ်တော်ကို လွန်ခဲ့တဲ့ အပါတ်အတွင်း ရပ်နားခဲ့သလို ပြည်သူ့လွှတ်တော် အစည်းအဝေးကိုတော့ မနေ့က ရပ်နားခဲ့ပါတယ်။

XS
SM
MD
LG