သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးရာ ကန်-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်


မြန်မာပြည်ကိုလာမည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Wendy Sherman.
မြန်မာပြည်ကိုလာမည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Wendy Sherman.
US- Burma ( Under Secretary Sherman to visit Burma) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ မကြာခင်မှာပဲ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sherman ဟာ မြန်မာနိုင်ငံနဲ့ အတူ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတွေကို မတ်လ ၂ ရက်ကနေ ၈ ရက်နေ့အထိ သွားရောက်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့က ကြေငြာချက် ထုတ်ပြန်ပါတယ်။

သူ့ရဲ့ အာရှခရီးစဉ်အတွင်း အစိုးရထိပ်တန်းတာဝန်ရှိသူတွေနဲ့အတူ အရပ်ဖက်လူမှု လူ့အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်း မြန်မာ အမေရိကန် ၂ နိုင်ငံ အရေးကိစ္စတွေအပြင် ဒေသတွင်းကိစ္စရပ်တွေကိုပါ ဆွေးနွေးဖို့ ရှိပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sherman ဟာ အရင်က သမ္မတဟောင်း ကလင်တန်ရဲ့ အထူးအကြံပေးအဖြစ်နဲ့ရော မြောက်ကိုရီးယား ဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူးတာဝန် ကိုပါထမ်းဆောင်ခဲ့သူ တဦးဖြစ်ပြီး ဥပဒေရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးမူဝါဒဆိုင်ရာအကြံပေး ဘုတ်အဖွဲ့ဝင်တဦးဖြစ်ခဲ့သလို Oxfam ဆင်းရဲမွဲတေမှုနဲ့ မတရားမှုတိုက်ဖျက်ရေး နိုင်ငံတကာအဖွဲ့ကြီးရဲ့ Oxfam America ညွှန်ကြားရေးမှူးများ ဘုတ်အဖွဲ့အကြီးအကဲတဦး အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
XS
SM
MD
LG