သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်တွေ Obama ချီးကျူ း


အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး တောင်းဆိုခဲ့ကြတဲ့ Selma မြို့ ချီတက်ဆန္ဒပြပွဲ နှစ် (၅၀) ပြည့်အခမ်းအနားတက်ရောက်မိန့်ခွန်းချွေနေတဲ့ အမေရိကန်သမ္မတ အိုဘားမား။ (မတ် ၇၊၂၀၁၅)
အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး တောင်းဆိုခဲ့ကြတဲ့ Selma မြို့ ချီတက်ဆန္ဒပြပွဲ နှစ် (၅၀) ပြည့်အခမ်းအနားတက်ရောက်မိန့်ခွန်းချွေနေတဲ့ အမေရိကန်သမ္မတ အိုဘားမား။ (မတ် ၇၊၂၀၁၅)

အမေရိကန် အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုသမိုင်းမှာ အရေးပါတဲ့ အယ်လ်ဘားမားပြည်နယ်၊ ဆယ်လ်မာ (Selma) မြို့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ နှစ် ၅၀ ပြည့်အခမ်းအနားမှာ သမ္မတ ဘရာ့ခ် အိုဘားမားပြောတဲ့မိန့်ခွန်းထဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း ထည့်သွင်း ပြောဆို သွားပါတယ်။

“မြန်မာနိုင်ငံကလူငယ်တွေဟာ စစ်တပ်အုပ်ချုပ်ရေးကို လက်မြှောက် အရှုံးပေးမယ့်အစား အကျဉ်းထောင်တွေထဲ သွားခဲ့ကြပါတယ်။ John Lewis လုပ်ခဲ့ တာကို သူတို့မြင်ခဲ့ကြတာပါ။” လို့ သမ္မတအိုဘားမားက ပြောပါတယ်။

မစ္စတာအိုဘားမား ထည့်သွင်းညွှန်းဆိုသွားတဲ့ John Lewis ဟာ ဆယ်လ်မာမှ မောင်ဂိုမာရီ (Montgomery) သို့ဆိုတဲ့ ချီတက်ပွဲတွေမှာ အဲဒီအချိန်က လူငယ်တက်ကြွလှုပ်ရှားသူတဦးအဖြစ် ဦးဆောင်ပါဝင်ခဲ့ပြီး ရဲတွေရဲ့ ရိုက်နှက်ဖမ်းဆီးတာကို ခံခဲ့ရသူဖြစ်ပြီးတော့ အထူးထင်ရှားခဲ့ပါတယ်။ အခုတော့ သူဟာ ထင်ရှားတဲ့ လွှတ်တော်အမတ်တဦးဖြစ်နေပါပြီ။

လမ်းလျှောက်ချီတက်ပွဲ နှစ် ၅၀ ပြည့်အခမ်းအနားအဖြစ် ဆယ်လ်မာမြို့မှာ စနေနေ့ကကျင်းပတဲ့ပွဲမှာ သမ္မတအိုဘားမားက တိုင်းပြည် ပိုကောင်းဖို့အတွက် အမေရိကန်နိုင်ငံသားအားလုံး လက်တွဲလုပ်ဆောင်ကြဖို့ တိုက်တွန်းသွားပါတယ်။

တန်းတူအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်တာ အခုချိန်ထိ မအောင်မြင်သေးဘူးဆိုတာကို သမ္မတအိုဘားမားက အသိအမှတ်ပြုပြောဆိုတဲ့ တချိန်တည်းမှာပဲ ဘာမှ မပြောင်းလဲသေးဘူးလို့ ပြောကြတာတွေကိုတော့ သူက ပယ်ချပါတယ်။ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ ပြုမူဆက်ဆံပုံကြောင့် လူမျိုးရေးတင်းမာမှုတွေ အသစ်ပြန်ပေါ်လာနေချိန်နဲ့ အခုနှစ်ပတ်လည်အချိန် တိုက်ဆိုင်နေတာပါ။

XS
SM
MD
LG