သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆွဲခံ ကန်သတင်းထောက် အိမ်ပြန်ရောက်


အမေရိကန်သတင်းထောက် Peter Theo Curtis ဟာ မိခင်တိုင်းပြည် အမေရိကန် ပြည်ထောင်စုဆီ အင်္ဂါနေ့က ပြန်ရောက်လာခဲ့ပါတယ်။ ဆီးရီးယားအစွန်းရောက် အဖွဲ့တဖွဲ့က သူ့ကို ၂၂ လကြာ ဖမ်းထားခဲ့တာကနေ ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် ၂ ရက်အကြာမှာ အိမ်ပြန်ရောက်လာတဲ့အကြောင်း သူ့ရဲ့မိသားစုက ပြောတာပါ။

အစ္စရေးလ်နိုင်ငံ တဲလ်အဗီမြို့ကနေ ထွက်လာပြီးတဲ့နောက် နယူးဂျာစီပြည်နယ် Newark Liberty အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ ဒေသစံတော်ချိန် အင်္ဂါနေ့ နေ့လည်ပိုင်းမှာ သူ ရောက်လာခဲ့တယ်လို့ Curtis မိသားစုရဲ့ ပြောခွင့်ရက ပြောပါတယ်။

ညနေပိုင်းမှာတော့ သူ့ရဲ့မိခင်ဖြစ်သူ Nancy Curtis နဲ့ ဘော်စတွန်မြို့က Logan အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။ ဘော်စတွန်မြို့သား အသက် ၄၅ နှစ်အရွယ် Curtis ကို ဆူနီအစွန်းရောက်အဖွဲ့တခုဖြစ်တဲ့ al-Nusra တပ်ဦးက ပြန်လွှတ်ပေးခဲ့တာပါ။

၂၀၁၂ ခုနှစ်မှာ ဆီးရီးယား အရေးအခင်းကို သတင်းယူရင်း ပြန်ပေးဆွဲ ခံခဲ့ရတဲ့နောက် အမေရိကန် သတင်းထောက်တဦးဖြစ်သူ James Foley ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အသတ်ခံခဲ့ရပါတယ်။ Foley ကို သတ်ပစ်လိုက်တာကို ရိုက်ထားတဲ့ဗွီဒီယိုကို အစ္စလာမ်မစ်နိုင်ငံတော် ဆိုတဲ့အဖွဲ့က အင်တာနက်ပေါ်မှာ တင်ခဲ့ပါတယ်။

XS
SM
MD
LG