သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ကို ကူညီမယ့် နိုင်ငံသား၂ ဦး ကန် ဖမ်းဆီး


ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦး။ Jonas Edmonds, left, and Hasan Edmonds
ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦး။ Jonas Edmonds, left, and Hasan Edmonds

အရှေ့အလယ်ပိုင်းဒေသမှာ IS စစ်သွေးကြွအဖွဲ့အတွက် တိုက်ပေးဖို့နဲ့ အမေရိကန် စစ်စခန်းတခုမှာ လူပေါင်း ဒါဇင်နဲ့ချီ သတ်ဖြတ်ဖို့ စီစဉ်မှုနဲ့ အမေရိကန် အရံတပ်ဖွဲ့ဝင် တစ်ဦးနဲ့ အကိုဝမ်းကွဲတို့ကို တရားစွဲဆိုလိုက်ပါပြီ။ အမေရိကန် အလယ်ပိုင်း အီလွီနွိုက်စ်ပြည်နယ် (Aurora) ယူရိုရာမြို့က အမေရိကန် နိုင်ငံသား သံသယရှိသူ သူတို့ ၂ ဦးကိုတော့ ပြည်ပက အကြမ်းဖက်သမားတွေကို အကူအညီပေးဖို့ ပူးပေါင်းကြံစည်မှုနဲ့ စွပ်စွဲထားတာပါ။

အသက် ၂၂ နှစ်အရွယ် စစ်သား ဟာဆန် အက်မွန်းစ် (Hasan Edmonds) ကိုတော့ အီဂျစ်နိုင်ငံကို ထွက်ခွာမယ့် လေယာဉ်ပေါ် မတက်ခင် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ချီကာဂို မစ်ဝေးလေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ အကိုဝမ်းကွဲ အသက် ၂၉ အရွယ် ဂျိုးနတ်စ် အက်မွန်းစ် (Jonas Edmonds) ကိုတော့ နေအိမ်မှာတင် ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အခုစွပ်စွဲချက်တွေအတိုင်း အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ - ၂ ယောက်စလုံးဟာ အများဆုံး ထောင်ဒဏ် ၁၅ နှစ်နဲ့ ငွေဒဏ် ၂ သိန်းခွဲအထိ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG