သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂွာတာနာမိုအကျဉ်းထောင်ရှိ အာဖဂန် ၄ ဦး လွှတ်


ကျူးဘားနိုင်ငံ၊ Guanatanamo Bay စစ်အကျဉ်းထောင်ထဲမှာ အမေရိကန်နိုင်ငံကဖမ်းဆီးထားတဲ့အာဖဂန်နစ္စတန်အကျဉ်းသား ၄ ယောက်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ နောက်ကြောင်းအချက်အလက် ရှင်းလင်းတဲ့သူတွေကို ပြန်လွှတ်ပေးလိုက်တာဟာ အာဖဂန်နစ္စတန်အစိုးရရဲ့ သမ္မတအသစ် Ashraf Ghani ကို ယုံကြည်မှုရှိတယ်ဆိုတဲ့ အကြောင်း သက်သေပြတဲ့အနေနဲ့လည်းဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ခုပြန်လွှတ်လိုက်တဲ့အကျဉ်းသားတွေကို လူသားချင်းထောက်ထားမှု ရစေဖို့သာမက သူတို့ကြောင့် ဖြစ်ကောင်းဖြစ်နိုင်မယ့်အန္တရာယ်တွေကို အာဖဂန်နစ္စတန်အစိုးရက ကိုင်တွယ် နှိမ်နင်းနိုင်တယ်ဆိုတာကို အပြည့်အဝယုံကြည်မှုရှိတယ်လို့ အာဖဂန်နစ္စတန်၊ ကာဘူးမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

အခုလပိုင်းမှာ Uruguay နိုင်ငံမှာ ဒုက္ခသည်အဖြစ် အခြေချနိုင်အောင် ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၆ ယောက်အပါအဝင် ဒီနှစ်ထဲမှာ အကျဉ်းသားတစ်ချို့ကို အမေရိကန်နိုင်ငံက ပြန်လွှတ်ပေးခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က အမေရိကန်သမ္မတ Barack Obama တာဝန်စယူခဲ့ချိန်က Guantanamo အကျဉ်းထောင်ထဲမှာ အကျဉ်းသား ၂၄၂ ယောက် ရှိခဲ့ပေမဲ့ ခုလက်ရှိအချိန်မှာ တော့ အကျဉ်းသား စုစုပေါင်း ၁၃၂ ယောက်ပဲ ကျန်ရှိနေတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်သမားတွေတိုက်ခိုက်ခဲ့လို့ လူ ၃,၀၀၀ လောက် သေဆုံးခဲ့ရပြီး ၄ လအကြာ ၂၀၀၂ ခုနှစ် ဇန္နဝါရီလကစပြီး ဒီ Guantanamo အကျဉ်းထောင်ကို ဖွင့်လှစ်ခဲ့ပြီး ဒီအကျဉ်းထောင်ကို ကြမ်းတမ်းတဲ့ စုံစမ်းစစ်ဆေးရေး နည်းစနစ်တွေနဲ့အတူ တရားရုံးတင် စစ်ဆေးမှုမလုပ်ဘဲ အကျဉ်းသားတွေကို ဖမ်းဆီးထားတဲ့အချက်တွေကြောင့် လူ့အခွင့်အရေးဆောင်ရွက်နေသူတွေကလည်း ရှုတ်ချဝေဖန်မှုတွေ ရှိနေပါတယ်။

XS
SM
MD
LG