သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂွာတာနာမိုအကျဉ်းသား ၆ ဦးကို Uruguay နိုင်ငံကို ပို့လွှတ်


Guantanamo အကျဉ်းထောင်
Guantanamo အကျဉ်းထောင်

အမေရိကန်အစိုးရက Guantanamo Bay အကျဉ်းစခန်းမှာ ဖမ်းဆီးထားသူ ၆ ယောက်ကို တောင်အမေရိကတိုက်ထဲက Uruguay နိုင်ငံကို ပို့လိုက်ပါတယ်။

ဆီးရီးယားလူမျိုး ၄ ယောက်၊ တူနီးရှား ၁ ယောက်နဲ့ ပါလက်စတိုင်း ၁ ယောက်တို့ဟာ Uruguay နိုင်ငံမှာ ဒုက္ခသည်အဖြစ် အခြေချနေထိုင်မှာ ဖြစ်တယ်လို့ Pentagon စစ်ဌာနချုပ်က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီ ၆ ယောက်လုံးဟာ al-Qaida နဲ့ဆက်စပ်နေတဲ့ စစ်သွေးကြွအဖြစ် မသင်္ကာလို့ ဖမ်းဆီးခဲ့တာဖြစ်ပေမယ့် စွဲချက်တင်ခံ မခဲ့ရဖူးပါဘူး။ သူတို့ ၆ ယောက်ကို ပြန်လွှတ်လိုက်တဲ့အတွက် Guantanamo အကျဉ်းစခန်းမှာ အကျဉ်းသားပေါင်း ၁၃၆ ယောက်ကျန်ပါတယ်။

၂၀၀၂ ခုနှစ်မှာ အကျဉ်းစခန်းကို စတင်ဖွင့်ခဲ့ချိန်ကတည်းကနဲ့ယှဉ်ရင် အနည်းဆုံး အကျဉ်းသား အရေအတွက်ဖြစ်ပါတယ်။ သမ္မတ Barack Obama လွန်ခဲ့တဲ့ ၆ နှစ်နီးပါးမှာ ရာထူးတက်လာချိန်ကတည်းက ကမ္ဘာ့အလယ်မှာ အမေရိကန်ရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် Guantanamo အကျဉ်းစခန်းကို ပိတ်ပစ်မယ်လို့ ကတိပြုထားပေမယ့် Congress လွှတ်တော်ရဲ့ ကန့်ကွက်မှုကြောင့်ရောတခြားအခက်အခဲတွေကြောင့်ပါ ခုချိန်ထိ အကျဉ်းစခန်းကို ပိတ်နိုင်ခြင်း မရှိသေးပါဘူး။ Guantanamo အကျဉ်းသားဟောင်းတွေကို လက်ခံထားတဲ့ နိုင်ငံပေါင်း ၅၀ ကျော်ရှိပါတယ်။

XS
SM
MD
LG