သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးလွှတ်တော်အမတ် ဒေါက်တာလှမြတ်သွေး နဲ့ ဗွီအိုအေမေးမြန်းခန်း


ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေး (ဓါတ်ပုံ-ခင်မေဇော်)
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေး (ဓါတ်ပုံ-ခင်မေဇော်)

မြန်မာနိုင်ငံရဲ့ ဒေသန္တရအုပ်ချုပ်ရေးမှာ အမျိုးသမီးတွေရဲ့ဦးဆောင်မှုကဏ္ဍ အသိအမှတ်ပြု မှု နည်းပါးနေသေးတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါက်တာလှမြတ်သွေးကပြောပါတယ်။ ဧရာဝတီတိုင်းမှာ အဓိကရင်ဆိုင်နေရတဲ့ပြသနာဖြစ်တဲ့ လယ်ယာမြေအတင်းအဓမ္မ္မသိမ်းဆည်းမှုကို ဖြေရှင်းပေးဖို့ တိုင်းအစိုးရဘက်က လွှတ်တော်နဲ့ပူးပေါင်းဆောင်ရွက်ရာမှာ အားနည်းချက်တွေအများအပြားရှိနေတယ်လို့လည်း ဆိုပါတယ်။လက်ရှိ အမေရိကန်ပြည်ထောင်စုက ပြည်နယ် ရွေးကောက်ပွဲတွေကို လာရောက်လေ့လာစဉ် ဝါရှင်တန်ဒီစီမြို့တော်ကို ခတ္တရောက်ရှိချိန်မှာ ဒေါက်တာလှမြတ်သွေးကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။ ဘာသာဗေဒဆိုင်ရာ ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာလှမြတ်သွေးအနေနဲ့ မြန်မာနိုင်ငံရေးနယ်ပယ်ထဲ ဘာကြောင့်ဝင်ရောက်လာခဲ့သလဲဆိုတာကိုလည်း နားဆင်ရမှာပါ။

XS
SM
MD
LG