သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် ဒေါ်တင်တင်ချိုနဲ့ မေးမြန်းချက်


(Credit: Facebook)
(Credit: Facebook)

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးနဲ့ အခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေပြဌာန်းနိုင်ဖို့ လွှွတ်တော်မှာ အမျိုးသမီး ကိုယ်စားလှယ်တွေ အများအပြား လိုအပ်နေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်တင်တင်ချို က ဗွီအိုအေကို ပြောပါတယ်။

ဒေါ်တင်တင်ချို ဟာ ၁၉၈၈ခုနှစ်မှာပေါ်ပေါက်ခဲ့တဲ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသူတဦးအနေနဲ့ တက်တက်ကြွကြွပါဝင်ခဲ့ပြီးနောက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အကျဉ်းထောင်ကပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာလည်း မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ နိုင်တာ၊ ရှုံးတာထက် ဆန္ဒမဲပေးတဲ့ ပြည်သူတွေရဲ့အကျိုးတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပြောဆိုလိုက်တဲ့ ဒေါ်တင်တင်ချိုကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍအတွက် မအင်ကြင်းနိုင် က ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။

XS
SM
MD
LG