သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ရေနံဈေးနှုံး ထိုးကျနေ


BP ရေနံတူးစင်။
BP ရေနံတူးစင်။

၂၀၀၈ ခုနှစ် ဘဏ္ဍာငွေကြေး အကျပ်အတည်း ဆိုက်ခဲ့ကတည်းကဆိုရင် ကမ္ဘာ့ရေနံဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်အတွင်း အနိမ့်ဆုံး အထိ ကျသွားပါတယ်။
၂၀၁၄ ခုနှစ်အကုန် ဈေးကွက်တွေပိတ်ချိန်မှာ နိုင်ငံတကာ ရေနံဈေးနှုန်း စံသတ်မှတ်ဖြစ်တဲ့ မြောက်ပင်လယ်က Brent ရေနံစိမ်း ဈေးနှုန်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ ထုတ်ယူတဲ့ West Texas Intermediate ရေနံစိမ်းဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ၄၅% ကျော် ကျသွားပါတယ်။

ဈေးထိုးကျသွားတာ အားလုံးနီးပါးဟာ ဇွန်လကတည်းက စတာဖြစ်ပြီး အဲဒီအချိန်က ရေနံတစည်ကို ဒေါ်လာ ၁၀၀ ကျော် ဈေးရှိ တာပါ။ နှစ်ကုန်ချိန်မှာတော့ Brent ရေနံစိမ်းတစည်ကို ၅၇.၃၃ ဒေါ်လာနဲ့ အမေရိကန်ရေနံစိမ်းတစည်ကို ၅၃.၂၇ ဒေါ်လာပဲ ရှိပါ တော့တယ်။

ရေနံဈေးတွေ အဲဒီလောက် ထိုးကျသွားတာဟာ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ့ဈေးကွက်ထဲမှာ ရေနံအမြောက်အများ ဝင်လာ တာကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေက ရေနံ ပိုတိုးထုတ်ခဲ့ကြပြီး တစိတ်တပိုင်းအားဖြင့်တော့ အရင်က ထုတ်လို့မရတဲ့ ရေနံစိမ်းတွေကို နည်းပညာအသစ်နဲ့ ထုတ်ယူလာနိုင်တာကလည်း တကြောင်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရေနံထုတ်လုပ်မှုဟာ တနေ့ကို စည်ပေါင်း ကိုးသန်းအထိရှိခဲ့ပြီး ဒါဟာ နှစ် ၃၀ ကျော်အတွင်း အမြင့်ဆုံးဖြစ်ပါတယ်။

XS
SM
MD
LG