ရေဘေးသင့်ခဲ့တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုမှာ ကြာသပတေးနေ့ ဧပြီ ၁၈ ရက်နေ့ကတော့ မုန်တိုင်းလွန် ရှင်းလင်းမှုတွေ လုပ်နေကြပါပြီ။ မိုးများများရွာသွန်းလေ့မရှိတဲ့ သဲကန္တာရဒေသထဲမှာမို့ အခုရွာခဲ့တဲ့မိုးက သူတို့နိုင်ငံမှာ မှတ်တမ်းပြုစုထားတဲ့ ၇၅ နှစ်တွင်း အဆိုးရွားဆုံးနဲ့ မိုးရည်ချိန်အများဆုံး ဖြစ်ပါတယ်။
ဧပြီ ၁၈၊ ၂၀၂၄ ။ ။ နွေရာသီကာလမှာ ရေရှားပါး၊ တကိုယ်ရည် သန့်ရှင်းမှု အားနည်းတာကြောင့် အဖြစ်များတဲ့ အရေပြားပြဿနာကို ဘယ်လိုကာကွယ်နိုင်ပါသလဲ။
စွန့်စားအားကစား ဝါသနာပါသူတွေ အကြိုက်တွေ့မယ့် ကြိုးတံတားတစင်း လေပေါ် ပေ ၆၀၀ အမြင့်မှာ ဆောက်ထား၊ ကမ္ဘာ့အသက်အကြီးဆုံး မျောက်ဝံမကြီး အသက် ၆၇ နှစ်ပြည့်၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံ၊ အင်္ဂလန်နယ် တောင်အလယ်ပိုင်းဒေသက Bicester မြို့ လမ်းရဲတပ်ဖွဲ့ အခြေစိုက်စခန်းမှာ ရဲတွေ ငှက်ကလေးတကောင်ကြောင့် ထင်ယောင်ထင်မှားတွေ ဖြစ်ခဲ့ရပါတယ်။ အသံတု လုပ်တတ်၊ စကားသင်ပေးလို့ရတဲ့ ကြက်တူရွေးမျိုးမဟုတ်တဲ့ ငှက်ကလေးတကောင် ရဲစခန်းနားက သစ်ပင်ပေါ်ကနေ ရဲကားဥဩသံလိုက်တု အော်နေလို့ ဖြစ်ပါတယ်။
အနာဂတ်မှာ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ဆီက စစ်ရေး အထောက်အပံ့တွေ မရတော့မှာကို ယူကရိန်း တာဝန်ရှိသူတွေက စိုးရိမ်ကြောင်းပြောနေပါတယ်။ ပိုပြီး အင်အားကြီးတဲ့ ရုရှားတပ်တွေကို ဗဟာဗျုဟာအရ အသာစီး ရစေဖို့ ခေတ်မီ လက်နက်တွေအပါအဝင် ထပ်တိုးအကူအညီတွေ လိုနေတဲ့အကြောင်း ယူကရိန်းတပ်မှူးတွေက ပြောနေတာပါ။
ဧပြီလ ၁၉ ရက်ကနေစပြီးတော့ ခြောက်ပတ်ကြာပြုလုပ်ကျင်းပမယ့် အိန္ဒိယ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Narendra Modi ရဲ့ Bharatiya Janata ပါတီကို မဲပေးထောက်ခံဖို့ အခိုင်အမာ ပြင်ဆင်နေကြတဲ့ ဒီပြည်နယ်ကလူတွေ VOA သတင်းထောက် Anjana Pasricha သတင်းပေးပို့လာတာကို ကိုစံကျော် ပြောပြပါမယ်။
လွတ်လပ်တဲ့ ရခိုင်ပြည် ဖြစ်ပေါ်ရေး I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင်ပြည်အဖြစ် ရခိုင်ဒေသကို အသွင်ပြောင်းဖို့ ကြိုးပမ်းနေကြပုံကို ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုတွေကို လတ်တလော ပြန်လည် တုံ့ပြန် တိုက်ခိုက်တာတွေ မလုပ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အစ္စရေးကို ဝိုင်းဝန်း ဖိအားပေး နေပေမဲ့ အစ္စရေးနိုင်ငံသား အများအပြားကတော့ အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ သူ့အစိုးရကို တိုက်တွန်း နေပါတယ်။
နိုင်ငံတကာနဲ့ အာဆီယံနိုင်ငံတွေရဲ့ ပစ်ပယ်ခံထားရတဲ့ အခြေအနေမှာ ရှိတဲ့ မြန်မာပြည်တွင်းက စစ်ပွဲတွေနဲ့ အတူ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေရဲ့ အကူအညီဖြတ်တောက်ခံရနိုင်တဲ့ အခြေအနေကို စိုးရိမ်နေရတဲ့ ယူကရိန်းအရေး စတာတွေဟာ စစ်ပွဲကြာလာတဲ့ အမျှ လူတွေရဲ့ အာရုံစိုက်ခံရမှုပါ လျော့ကျလာနေပါတယ်။
နိုင်ငံခြားသားတွေ အပါအဝင် မြန်မာနိုင်ငံမှာ ထောင်ချခံထားရတဲ့ အကျဉ်းသား ၃၃၀၃ ဦးကို မြန်မာနှစ်ဆန်းတရက်နေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ စစ်ကောင်စီ လွှတ်ပေးသူတွေထဲမှာ NLD အစိုးရလက်ထက် ထိပ်ပိုင်းခေါင်းဆောင်တွေကိုစွဲဆိုတဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ဥပဒေနဲ့ တရားစွဲဆို ထောင်ချခံ ထားရသူတွေတော့ မပါဝင်ပါဘူး။
ဂျာမနီမှာတော့ ဘေယာလေဗာကူဆင်အသင်းဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးချန်ပီယံဆုကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ရသွားခဲ့ပါတယ်။ အမေရိကန်မှာကျင်းပတဲ့ The Masters ဂေါက်သီးပြိုင်ပွဲမှာတော့ Scottie Scheffler က အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က ပုဂ္ဂလိက အထက်တန်းကျောင်းတခုမှာ ယူကရိန်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကလာတဲ့ ဒုက္ခသည်ကျောင်းသူကျောင်းသား ၃ ယောက်အတွက် ပညာသင်ဆု ထောက်ပံ့ပေးထားပါတယ်။ ဒီကျောင်းကို တည်ထောင်သူ ဆရာမတယောက်က သူ့အိမ်မှာပါ ကျောင်းသူကျောင်းသားတွေကို နေထိုင်ခွင့်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။