အရှေ့တောင်အာရှရဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို သဘာဝအခြေခံနည်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် Superworm အင်းဆက်တွေရဲ့ အစောချေဖျက်မှုစနစ်ကို အများအပြားထုတ်လုပ်တာက အဖြေတခု ဖြစ်နိုင်တယ်လို့ စင်ကာပူ သိပ္ပံပညာရှင်တွေက ယူဆနေကြပါတယ်။ ဒီ အင်းဆက်တွေရဲ့ ပလတ်စတစ် စားသုံးမှုကို သူတို့က လေ့လာနေကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ၇ နှစ်အတွင်း ပထမဆုံး သြစတြေးလျကို ဗုဒ္ဓဟူးနေ့မှာသွားဖို့ရှိပြီး ဒီခရီးစဥ်မှာ ကောင်စစ်ဝန်လုပ်ငန်းတွေနဲ့ လုံခြုံရေးဆိုင်ရာပြဿနာတွေကိုဖြေရှင်းဖို့ ဆွေးနွေးကြမယ်ဆိုပေမဲ့ လက်ရှိကုန်သွယ်ရေးအငြင်းပွါးမှုတွေကိုလည်း အဖြေရှာဖို့လွှမ်းမိုးနေလိမ့်မယ်လို့ သုံးသပ်ပါကြတယ်။
ရုရှားနိုင်ငံမှာ အလားအလာရှိတဲ့ ပြိုင်ဘက်အများစုကို ခြိမ်းခြောက်တာ ဒါမှမဟုတ် ထောင်သွင်း အကျဉ်းချထားတာကြောင့် မဲဆန္ဒရှင်တွေ ရွေးချယ်စရာမရှိဘဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့ သမ္မတ Vladimir Putin ဟာ နောက်ထပ် ၆ နှစ် အုပ်ချုပ်မှု သက်တမ်းအတွက် အောင်ပွဲခံခဲ့ပါတယ်။
အာဖဂန်နစ္စတန်က စစ်သွေးကြွတွေခိုအောင်းနေတယ်လို့ သံသယရှိတဲ့နေရာတွေကို တနင်္လာနေ့အစောပိုင်း ပါကစ္စတန်က နယ်စပ်ဖြတ်ကျော် လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ အတွက် လူအများအပြားသေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂါဇာမြို့မှာရှိတဲ့ Shifa ဆေးရုံကို ဒီကနေ့ တနင်္လာနေ့မှာ စစ်ဆင်ရေး စတင်လိုက်ကြောင်း အစ္စရေးက ပြောပါတယ်။ နိုဝင်ဘာလအတွင်း အစ္စရေးက ဒီဆေးရုံကို စီးနင်းတိုက်ခိုက်ခဲ့တုန်းကလည်း နိုင်ငံတကာရဲ့ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပင်လယ်ထဲပစ်လွှတ်ခဲ့တာနဲ့ပတ်သက်လို့ မြောက်ကိုရီးယားက တာဝန်ခံရမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Shin Won-sik က ဒီကနေ့ပြောပါတယ်။
တနင်္ဂနွေနေ့ကကျင်းပတဲ့ ရုရှားသမ္မတရွေးကောက်ပွဲ ပထမဆုံးမဲရေတွက်မှုမှာ သမ္မတ ဗလာဒီမီယာပူတင်က ထောက်ခံမဲ ၈၈ ရာခိုင်နှုန်းရထားတယ်လို့ ရုရှားရွေးကောက်ပွဲတာဝန်ရှိသူတွေက ကြေညာပါတယ်။ နိုင်ငံရေးသဘောထားကွဲပြားသူတွေကို အပြင်းအထန်နှိမ်နှင်းခဲ့တာကြောင့် မဲဆန္ဒရှင်တွေမှာလည်း တခြားရွေးချယ်စရာမရှိကြပါဘူး။
အမေရိကန်ပြည်ထောင်စုနဲ့နှစ်ပေါင်းများစွာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နိုင်ဂျာစစ်အစိုးရက ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် အာဖရိက Sahel ဒေသတွင်း အမေရိကန်ရဲ့ အကြမ်းဖက်မှုတန်ပြန်ချေမှုန်းရေး အနာဂတ်လုပ်ငန်းစဥ်တွေကို အမေရိကန်ထိပ်တန်းအရာရှိတွေ တနင်္ဂနွေနေ့က သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်းဘက်က ဒရုန်းယာဥ် ၃၅ စင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ရုရှားရေနံချက်စက်ရုံ ခေတ္တ မီးလောင်ခဲ့ရပြီး နယ်စပ်ဒေသလျှပ်စစ်ဓာတ်အားပေးဝေမှု ထိခိုက်ခဲ့ရတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတနင်္ဂနွေနေ့မှာ ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ၂၀၁၉ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို အကောင်အထည်ဖော်မယ်လို့ အစိုးရက လတ်တလောကြေညာလိုက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေပေါ်ပေါက်လာပါတယ်။
ဆူဒန်နိုင်ငံမှာ ပြိုင်ဖက်ဗိုလ်မှူးကြီးနှစ်ဦးကြား အာဏာလွန်ဆွဲမှုတွေကြောင့် ပြည်တွင်း ပဋိပက္ခတွေပေါ်ပေါက်လာတာ ဧပြီလဆိုရင် တနှစ်ပြည့်ပါပြီ။ စစ်ပွဲတွေကြောင့်လူဦးရေ ၄၉ သန်းနီးပါးတို့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေဆိုက်နေပြီလို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ရုရှားနိုင်ငံမှာ သမ္မတ Vladimir Putin နောက်ထပ် ၆ နှစ် အာဏာရမယ့် သမ္မတရွေးကောက်ပွဲ နောက်ဆုံးနေ့ ဒီကနေ့ မှာ ယူကရိန်းဘက်က ပစ်လွှတ်တဲ့ အစုလိုက်အပြုံလိုက် ဒရုန်းအမြောက်အများနဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်