သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေကာ့ကရိတ္တုိက္ပြဲေတြေၾကာင့္ ထုိင္းနယ္စပ္ ျမဝတီၿမိဳ႕မွာ လံုၿခံဳေရးတင္းၾကပ္


ေအာက္တိုဘာ ၂၁၊ ၂၀၂၂ မွာ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕တြင္းေနရာတခ်ဳိ႕ကို ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ KNLA နဲ႔ ပူးေပါင္းတပ္ဖြဲ႔ေတြ ဝင္ေရာက္တုိက္ခုိက္ခဲ့တဲ့ျမင္ကြင္း။ (ဓာတ္ပံု-CJ)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕တြင္း ေနရာတခ်ိဳ႕ကို ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ KNLA နဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြ ဒီေန႔မနက္က ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ စစ္တပ္ဘက္ကလည္း လက္နက္ႀကီးေတြနဲ႔ပစ္ခတ္သလို ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ ဒီတိုက္ပြဲေၾကာင့္ ထိုင္းျမန္မာနယ္စပ္ ျမဝတီၿမိဳ႕မွာလည္းလုံၿခဳံေရးေတြ တင္းၾကပ္ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေကာ့ကရိတ္ၿမိဳ႕ တိုက္ပြဲနဲ႔ ေနာက္ဆက္တြဲအေျခအေန မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕ထဲကို KNLA နဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြ ဒီေန႔မနက္က ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့ၿပီးတဲ့ေနာက္ စစ္တပ္ဘက္က ေလေၾကာင္းကေရာ လက္နက္ႀကီးေတြနဲ႔ပါ ျပန္ၿပီးတိုက္ခိုက္ခဲ့ပါတယ္။ ဒီတိုက္ပြဲေတြအတြင္း အရပ္သားတခ်ိဳ႕ ထိခိုက္ေသဆုံးခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ကေခါင္းေဆာင္တဦးျဖစ္တဲ့ကိုေစာမြန္ကေျပာပါတယ္။

“ေကာ့ကရိတ္ၿမိဳ႕ကိုဝင္တိုက္တဲ့အခါက်ေတာ့ အဲဒီကေန ခလရ (၉၇) ေနပူခံကုန္းကေန လက္နက္ႀကီးနဲ႔ရမ္းသမ္းပစ္ေတာ့ ေကာကရိတ္ပန္းၿခံကိုလက္နက္ႀကီးတလုံးက်တယ္။ မနက္ပိုင္းကေတာ့ ေသဆုံးသူတေယာက္ျဖစ္ၿပီး လက္နက္ႀကီးနဲ႔ ဒဏ္ရာရသူတေယာက္ရွိတယ္။ အဲဒီကေန က်ေနာ္တို႔ဘက္က ေရွ႕ဆက္ၿပီး ဆက္တိုက္တယ္ တိုက္တဲ့အခါမွာ စုေပါင္း႐ုံးေတြကိုအဲဒါေတြကို ဝင္တိုက္တယ္။ ခ႐ိုင္အခ်ဳပ္ေထာင္ကိုလည္း ဝင္တိုက္တယ္။ အဲဒါက မနက္ပိုင္းကအေျခအေနပါ။ အဲဒါၿပီးေတာ့ ေလယာဥ္ ၆ ႀကိမ္မကဘူး။ တခါလာရင္ ႏွစ္စီးလာတယ္။ ဟတ္စကီးလည္းလာတယ္။ သူတို႔က ျမင္သမွ်ကိုပစ္ေနတာေပါ့။”

စစ္ေကာင္စီဘက္က ထုတ္ျပန္ခ်က္မွာေတာ့ ရဲတပ္ဖြဲ႕မႉး႐ုံးနဲ႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး႐ုံးတို႔ ဝင္စီးခံရေပမယ့္ က်သြားျခင္း မရွိဘူးလို႔ ထုတ္ျပန္ပါတယ္။ ခလရ ၉၇ က ၁ ေယာက္က်ဆုံးၿပီး ၅ ေယာက္ဒဏ္ရာရတယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

ျပင္းထန္တဲ့တိုက္ပြဲေတြဟာ မနက္ကေန ညေနပိုင္းအထိျဖစ္ခဲ့ၿပီး ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေဒသခံေက်း႐ြာသားေတြေကာ ၿမိဳ႕ေပၚေနထိုင္ေနသူေတြပါ ေဘးလြတ္ရာကိုထြက္ေျပးေနၾကရပါတယ္။ ေကာ့ကရိတ္တိုက္ပြဲက ျမဝတီၿမိဳ႕ဘက္ကိုကူးစက္လာမွာစိုးရိမ္တာေၾကာင့္ ျမဝတီၿမိဳ႕နယ္ထဲမွာ နယ္ျခားေစာင့္တပ္ေတြက တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနၿပီး လုံၿခဳံေရးခ်ထားတယ္လို႔လည္း နယ္စပ္ေနျပည္သူတဦးက ေျပာျပပါတယ္။

“ ျမဝတီကိုဝင္စီးမွာစိုးလို႔ ျမဝတီလုံၿခဳံေရးကေတာ့အေတာ္ကိုတင္းၾကပ္ေနတယ္။ ေကာ့ကရိတ္တိုက္ပြဲေၾကာင့္ ျမဝတီဘက္ကိုအေတာ္တင္းၾကပ္ေနတယ္။ ဒီဘက္ကို ဝင္လာမွာစိုးတာေၾကာင့္ပါ ဒီဘက္ကိုတက္လာမွာစိုးလို႔။”

ကရင္ျပည္နယ္အတြင္း KNU ထိန္းခ်ဳပ္နယ္ေျမေတြကေန စစ္ေကာင္စီတပ္ေတြ ဖယ္ရွားေပးဖို႔ KNU တပ္မဟာ (၆) က မတ္လေလာက္ကတည္းက ေတာင္းဆိုထားၿပီး စစ္ေကာင္စီဘက္က တပ္အင္အားေတြတိုးခ်ဲ႕လာေနတဲ့အတြက္ ေကာ့ကရိတ္-ျမဝတီအာရွလမ္းကို KNLA နဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြက အခုရက္ပိုင္း ပိတ္ဆို႔ထားတာေၾကာင့္ ေန႔စဥ္ ထိေတြ႕တိုက္ပြဲေတြျဖစ္ေနပါတယ္။ အာရွလမ္းပိတ္ ထားတဲ့အတြက္ ကုန္စည္စီးဆင္းမႈေတြ ရပ္နားထားရတယ္လို႔လည္းေျပာျပပါတယ္။

“ ေကာ့ကရိတ္နဲ႔ ျမဝတီတက္လာတဲ့လမ္းေၾကာင္းက ကားလမ္းေတြဘယ္ဘက္မွသြားလို႔မရဘူး။ ျမန္မာဘက္က ကုန္စည္ေတြကလည္းလာလို႔မရဘူး။ ဒီဘက္ျမဝတီဘက္ကသြားတဲ့ကုန္စည္ေတြကလည္း သြားလို႔မရဘူး။ ၃ ရက္ရွိၿပီ။”

ေအာက္တိုဘာလအတြင္းမွာပဲျမဝတီၿမိဳ႕ထဲမွာ ဗုံးေပါက္ကြဲွမူ႔ ၃ႀကိမ္ျဖစ္ခဲ့ၿပီး မဲေဆာက္ျမဝတီခ်စ္ၾကည္ေရးတံတားအနီးေပါက္ကြဲမူ႔ကေတာ့ျပင္းထန္ၿပီး ကားေတြ ပ်က္စီးခဲ့ပါတယ္ ေဈးဆိုင္တဆိုင္အတြင္းေပါက္ကြဲမူ႔မွာေတာ့လူေသဆုံးတာ ထိခိုက္ဒဏ္ရာရတာေတြျဖစ္ပြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ကော့ကရိတ်တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ် မြဝတီမြို့မှာ လုံခြုံရေးတင်းကြပ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်း နေရာတချို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်သလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှာလည်းလုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကော့ကရိတ်မြို့ တိုက်ပွဲနဲ့ နောက်ဆက်တွဲအခြေအနေ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ထဲကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ပြီးတဲ့နောက် စစ်တပ်ဘက်က လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပြန်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်ကပြောပါတယ်။

“ကော့ကရိတ်မြို့ကိုဝင်တိုက်တဲ့အခါကျတော့ အဲဒီကနေ ခလရ (၉၇) နေပူခံကုန်းကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်တော့ ကောကရိတ်ပန်းခြံကိုလက်နက်ကြီးတလုံးကျတယ်။ မနက်ပိုင်းကတော့ သေဆုံးသူတယောက်ဖြစ်ပြီး လက်နက်ကြီးနဲ့ ဒဏ်ရာရသူတယောက်ရှိတယ်။ အဲဒီကနေ ကျနော်တို့ဘက်က ရှေ့ဆက်ပြီး ဆက်တိုက်တယ် တိုက်တဲ့အခါမှာ စုပေါင်းရုံးတွေကိုအဲဒါတွေကို ဝင်တိုက်တယ်။ ခရိုင်အချုပ်ထောင်ကိုလည်း ဝင်တိုက်တယ်။ အဲဒါက မနက်ပိုင်းကအခြေအနေပါ။ အဲဒါပြီးတော့ လေယာဉ် ၆ ကြိမ်မကဘူး။ တခါလာရင် နှစ်စီးလာတယ်။ ဟတ်စကီးလည်းလာတယ်။ သူတို့က မြင်သမျှကိုပစ်နေတာပေါ့။”

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ ရဲတပ်ဖွဲ့မှူးရုံးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတို့ ဝင်စီးခံရပေမယ့် ကျသွားခြင်း မရှိဘူးလို့ ထုတ်ပြန်ပါတယ်။ ခလရ ၉၇ က ၁ ယောက်ကျဆုံးပြီး ၅ ယောက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ပြင်းထန်တဲ့တိုက်ပွဲတွေဟာ မနက်ကနေ ညနေပိုင်းအထိဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကျေးရွာသားတွေကော မြို့ပေါ်နေထိုင်နေသူတွေပါ ဘေးလွတ်ရာကိုထွက်ပြေးနေကြရပါတယ်။ ကော့ကရိတ်တိုက်ပွဲက မြဝတီမြို့ဘက်ကိုကူးစက်လာမှာစိုးရိမ်တာကြောင့် မြဝတီမြို့နယ်ထဲမှာ နယ်ခြားစောင့်တပ်တွေက တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး လုံခြုံရေးချထားတယ်လို့လည်း နယ်စပ်နေပြည်သူတဦးက ပြောပြပါတယ်။

“မြဝတီကိုဝင်စီးမှာစိုးလို့ မြဝတီလုံခြုံရေးကတော့အတော်ကိုတင်းကြပ်နေတယ်။ ကော့ကရိတ်တိုက်ပွဲကြောင့် မြဝတီဘက်ကိုအတော်တင်းကြပ်နေတယ်။ ဒီဘက်ကို ဝင်လာမှာစိုးတာကြောင့်ပါ ဒီဘက်ကိုတက်လာမှာစိုးလို့။”

ကရင်ပြည်နယ်အတွင်း KNU ထိန်းချုပ်နယ်မြေတွေကနေ စစ်ကောင်စီတပ်တွေ ဖယ်ရှားပေးဖို့ KNU တပ်မဟာ (၆) က မတ်လလောက်ကတည်းက တောင်းဆိုထားပြီး စစ်ကောင်စီဘက်က တပ်အင်အားတွေတိုးချဲ့လာနေတဲ့အတွက် ကော့ကရိတ်-မြဝတီအာရှလမ်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အခုရက်ပိုင်း ပိတ်ဆို့ထားတာကြောင့် နေ့စဉ် ထိတွေ့တိုက်ပွဲတွေဖြစ်နေပါတယ်။ အာရှလမ်းပိတ် ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ ရပ်နားထားရတယ်လို့လည်းပြောပြပါတယ်။

“ကော့ကရိတ်နဲ့ မြဝတီတက်လာတဲ့လမ်းကြောင်းက ကားလမ်းတွေဘယ်ဘက်မှသွားလို့မရဘူး။ မြန်မာဘက်က ကုန်စည်တွေကလည်းလာလို့မရဘူး။ ဒီဘက်မြဝတီဘက်ကသွားတဲ့ကုန်စည်တွေကလည်း သွားလို့မရဘူး။ ၃ ရက်ရှိပြီ။”

အောက်တိုဘာလအတွင်းမှာပဲမြဝတီမြို့ထဲမှာ ဗုံးပေါက်ကွဲှမူ့ ၃ကြိမ်ဖြစ်ခဲ့ပြီး မဲဆောက်မြဝတီချစ်ကြည်ရေးတံတားအနီးပေါက်ကွဲမူ့ကတော့ပြင်းထန်ပြီး ကားတွေ ပျက်စီးခဲ့ပါတယ် ဈေးဆိုင်တဆိုင်အတွင်းပေါက်ကွဲမူ့မှာတော့လူသေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG