သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စကစနဲ႔ AA အျပန္အလွန္ဖမ္းဆီးမႈေၾကာင့္ ရခိုင္ၿမိဳ႕နယ္တခ်ိဳ႕ လုံၿခဳံေရးတင္းၾကပ္


ရခုိင္ျပည္နယ္အတြင္း စစ္ေကာင္စီတပ္နဲ႔ ရခုိင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား အျပန္အလွန္အဖမ္းအဆီးရွိေနတဲ့ ၿမိဳ႕နယ္တခ်ဳိ႕။

[[Zawgyi/Unicode]]

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ စစ္ေကာင္စီၾကား အျပန္အလွန္ ဖမ္းဆီးတာေတြ တိုးလာေနတာေၾကာင့္ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ စစ္ေတြနဲ႔ ပုဏၰားကြၽန္းၿမိဳ႕ နယ္ေတြမွာ စစ္ေကာင္စီဘက္က ေဒသခံေတြကို ဖမ္းဆီးေနတာေတြရွိသလို လုံၿခဳံေရးတိုးျမင့္ စစ္ေဆးေနတာေတြလည္း ရွိေနပါတယ္။ စစ္ေတြၿမိဳ႕မွာ မေန႔ ၾကာသပေတးေန႔ ညေနပိုင္းက စၿပီး စစ္ေကာင္စီဘက္က ၿမိဳ႕ေပၚရပ္ကြက္ေတြကို ဝင္ေရာက္စစ္ေဆး ဖမ္းဆီးတာေတြ ရွိေနတာေၾကာင့္ ရခိုင္ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္က လာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ စစ္ေတြၿမိဳ႕ေပၚမွာ မေန႔က ညေနပိုင္းက စစ္ေကာင္စီတပ္ဖြဲ႕ဝင္တခ်ိဳ႕ ဖမ္းဆီးခံရတယ္လို႔ သတင္းထြက္ေပၚၿပီးေနာက္ စစ္ေကာင္စီတပ္ သားေတြက ၿမိဳ႕ေပၚရပ္ကြက္တခ်ိဳ႕ကို ဝင္ေရာက္စစ္ေဆးၿပီး အရပ္သားတခ်ိဳ႕ကို ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

စစ္ေတြၿမိဳ႕ျပင္၊ ဗ်ိဳင္းျဖဴ႐ြာ ဆတ္႐ိုးက်ရပ္ကြက္မွာလည္း ဖမ္းဆီးခံရသူ (၃) ဦးအထိ ရွိတယ္လို႔ ဖမ္းဆီးခံရသူရဲ႕ နီးစပ္သူတဦးက ဗြီအိုေအကို အတည္ျပဳ ေျပာပါတယ္။

“မေန႔ညက ဦးဘသိန္းဆိုတဲ့လူကို အိမ္ကိုအထိ ဝင္ၿပီးေတာ့ ဖမ္းသြားတယ္ေပါ့ေနာ္၊ ဒီေန႔မနက္က်ေတာ့ ႐ြာရဲ႕ လမ္းမထက္ကေနၿပီးေတာ့ လူငယ္ႏွစ္ေယာက္ကို လမ္းကေန ဆြဲၿပီးေတာ့ ဖမ္းသြားတာရွိတယ္။ အခုလည္း စစ္သားေတြ အမ်ားႀကီးပဲ လမ္းမေပၚေတြမွာ ကားေတြနဲ႔ လုံၿခဳံေရးကေတာ့ ေျပာရမယ္ဆိုရင္ ႐ြာသားအားလုံးက ေၾကာက္ေနၾကရတယ္၊ အကုန္လုံးကို ဘာမွ မဟုတ္ဘဲ လိုက္ဖမ္းေနတာဆိုေတာ့ေလ။”

ဒါ့အျပင့္ စစ္ေတြၿမိဳ႕ေပၚက မင္းဂံရပ္ကြက္မွာလည္း မေန႔က ညေနပိုင္းက စစ္ေကာင္စီတပ္သားေတြ လက္နက္အျပည့္အစုံနဲ႔ တအိမ္ဝင္တအိမ္ထြက္ စစ္ေဆးေနတာရွိသလို ပစ္ခတ္သံေတြလည္း ၾကားရတယ္လို႔ မင္းဂံရပ္ကြက္မွာ ေနထိုင္သူတဦးက ေျပာပါတယ္။

“ ေသနတ္ပစ္တဲ့ အခ်ိန္ကေတာ့ ၈ နာရီ ၉ နာရီၾကားေပါ့ေနာ္၊ အဲအခ်ိန္က က်ေနာ္တို႔ ေသနတ္သံ အခ်က္ ၁၀ ေက်ာ္ေလာက္ၾကားလိုက္တယ္။ ၿပီးေတာ့ တအိမ္ဝင္ တအိမ္ထြက္ စစ္တယ္ ေမးတယ္၊ လူစုလူေဝးရွိတဲ့ေနရာေတြကို အဓိက ထားစစ္တယ္၊ က်ေနာ္တို႔ ရပ္ကြက္က ဖမ္းသြားတာေတြရွိတယ္လို႔ ၾကားတယ္။ ျမင္ေတာ့ မျမင္လိုက္ဘူး။ အျပင္လည္း မထြက္ရဘူး ဆိုေတာ့ေလ။”

လက္ရွိမွာေတာ့ စစ္ေတြၿမိဳ႕ေပၚမွာ လမ္းသြားလမ္းလာေတြလည္း နည္းပါးေနသလို တခ်ိဳ႕ စာသင္ေက်ာင္းေတြ သင္တန္းေက်ာင္းေတြနဲ႔ ေဈးဆိုင္တခ်ိဳ႕ ပိတ္ထားတာကိုေတြ႕ ရၿပီး စစ္ေကာင္စီတပ္သားေတြ လမ္းဆုံလမ္းခြေတြမွာ စစ္ေဆးတာေတြ လုပ္ေနတာကိုလည္း ေတြ႕ရပါတယ္။

စစ္ေတြၿမိဳ႕အတြင္းကို ေရလမ္းေၾကာင္းနဲ႔ လာတဲ့ ခရီးသည္တင္ ေလွေတြ ဝင္ခြင့္မျပဳသလို စစ္ေတြကေန တျခားၿမိဳ႕နယ္ေတြကို ေျပးဆြဲေနတဲ့ ေရယာဥ္ေတြကိုလည္း မထြက္ဖို႔ စစ္ေကာင္စီက တားျမစ္ထားၿပီး စစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ ဒီကေန႔ သြားမယ့္ ခရီးသည္ေတြက ေျပာဆိုၾကပါတယ္။

စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းက စစ္ေတြအပါအဝင္ ပုံဏၰားကြၽန္း ေက်ာက္ေတာ္ ေျမာက္ဦးနဲ႔ ရမ္းၿဗဲ စတဲ့ ၿမိဳ႕နယ္ေတြမွာ ဒီလအတြင္းကစၿပီး ရခိုင္လက္နက္ကိုင္AAအဖြဲ႕နဲ႔ စစ္ေကာင္စီၾကား အျပန္အလွန္ဖမ္းဆီးမႈေတြ တိုးလာေနတာလည္းျဖစ္ပါတယ္။

လက္နက္ကိုင္အဖြဲ႕ႏွစ္ၾကား အျပန္အလွန္ ဖမ္းဆီးမႈေတြမွာ အရပ္သားေတြကို ၿခိမ္းေျခာက္ ဖမ္းဆီးတာမ်ိဳးမလုပ္ဖို႔လည္း ေျမပုံၿမိဳ႕နယ္ လြတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးေဖသန္းက တိုက္တြန္းပါတယ္။

ဦးေဖသန္းအသံ။

“ တဘက္နဲ႔တဘက္ အဲလို ဖမ္းတဲ့ေနရာမွာ သက္ဆိုင္သူေတြကို တပ္ဖြဲ႕ဝင္ေတြကို ဖမ္းတာေကာင္းပါတယ္၊ ျပည္သူေတြကိုေတာ့ အဲလို အစုလိုက္ အၿပဳံလိုက္ဖမ္းၿပီးေတာ့ ၿခိမ္းေျခာက္တဲ့ အေနနဲ႔ အၾကပ္ကိုင္တဲ့အေနနဲ႔ ULA AA မလုပ္ရဲေအာင္ ျပည္သူကို ဓားစာခံထားတယ္ဆိုတာကေတာ့ မလုပ္သင့္ဘူးလို႔ျမင္ပါတယ္။ ဒီအခ်ိန္မွာ တခုခုကို အရင္လို ၾကားခံလူနဲ႔ ျဖစ္ေစ ညႇိႏႈိင္းၿပီးေတာ့ ေျဖရွင္းဖို႔ေတာ့ လိုတယ္။ မဟုတ္ရင္ ဒါႀကီးက ဘယ္ေတာ့ ၿပီးမလဲ ဆိုၿပီး ျပည္သူေတြကလည္း စိတ္ခံစားမႈေတြ ျဖစ္ေနၾကတယ္။”

စစ္ေကာင္စီဘက္က ULA/AA အဖြဲ႕ဝင္ေတြနဲ႔ ေဒသခံေတြကို အေၾကာင္းမ်ိဳးမ်ိဳးျပ ဖမ္းဆီးထားတာေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြကို ျပန္လည္ ဖမ္းဆီးရတာျဖစ္တယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ဒီလအေစာပိုင္းက ျပဳလုပ္တဲ့ Online သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

လက္ရွိရခိုင္ျပည္နယ္မွာ ျပည္သူေတြကို ဖမ္းဆီးစစ္ေဆးေနတာနဲ႔ ပတ္သက္ၿပီး အေသးစိတ္ေမးျမန္းဖို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကား တာဝန္ရွိသူေတြကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း ဆက္သြယ္လို႔ မရရွိေသးပါဘူး။ ရခိုင္လက္နက္ ကိုင္ AA အဖြဲ႔ဘက္ကလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ဘယ္ႏွစ္ဦး ဖမ္းဆီးထားတယ္ဆိုတာနဲ႔ ပတ္သက္လို႔ ထုတ္ျပန္တာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

---------------

[[Unicode]]

စကစနဲ့ AA အပြန်အလှန်ဖမ်းဆီးမှုကြောင့် ရခိုင်မြို့နယ်တချို့ လုံခြုံရေးတင်းကြပ်

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား အပြန်အလှန် ဖမ်းဆီးတာတွေ တိုးလာနေတာကြောင့် ကျောက်တော်၊ မြောက်ဦး၊ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့ နယ်တွေမှာ စစ်ကောင်စီဘက်က ဒေသခံတွေကို ဖမ်းဆီးနေတာတွေရှိသလို လုံခြုံရေးတိုးမြင့် စစ်ဆေးနေတာတွေလည်း ရှိနေပါတယ်။ စစ်တွေမြို့မှာ မနေ့ ကြာသပတေးနေ့ ညနေပိုင်းက စပြီး စစ်ကောင်စီဘက်က မြို့ပေါ်ရပ်ကွက်တွေကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာတွေ ရှိနေတာကြောင့် ရခိုင်ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ပေါ်မှာ မနေ့က ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံရတယ်လို့ သတင်းထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ် သားတွေက မြို့ပေါ်ရပ်ကွက်တချို့ကို ဝင်ရောက်စစ်ဆေးပြီး အရပ်သားတချို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

စစ်တွေမြို့ပြင်၊ ဗျိုင်းဖြူရွာ ဆတ်ရိုးကျရပ်ကွက်မှာလည်း ဖမ်းဆီးခံရသူ (၃) ဦးအထိ ရှိတယ်လို့ ဖမ်းဆီးခံရသူရဲ့ နီးစပ်သူတဦးက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။

“မနေ့ညက ဦးဘသိန်းဆိုတဲ့လူကို အိမ်ကိုအထိ ဝင်ပြီးတော့ ဖမ်းသွားတယ်ပေါ့နော်၊ ဒီနေ့မနက်ကျတော့ ရွာရဲ့ လမ်းမထက်ကနေပြီးတော့ လူငယ်နှစ်ယောက်ကို လမ်းကနေ ဆွဲပြီးတော့ ဖမ်းသွားတာရှိတယ်။ အခုလည်း စစ်သားတွေ အများကြီးပဲ လမ်းမပေါ်တွေမှာ ကားတွေနဲ့ လုံခြုံရေးကတော့ ပြောရမယ်ဆိုရင် ရွာသားအားလုံးက ကြောက်နေကြရတယ်၊ အကုန်လုံးကို ဘာမှ မဟုတ်ဘဲ လိုက်ဖမ်းနေတာဆိုတော့လေ။”

ဒါ့အပြင့် စစ်တွေမြို့ပေါ်က မင်းဂံရပ်ကွက်မှာလည်း မနေ့က ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ လက်နက်အပြည့်အစုံနဲ့ တအိမ်ဝင်တအိမ်ထွက် စစ်ဆေးနေတာရှိသလို ပစ်ခတ်သံတွေလည်း ကြားရတယ်လို့ မင်းဂံရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“ သေနတ်ပစ်တဲ့ အချိန်ကတော့ ၈ နာရီ ၉ နာရီကြားပေါ့နော်၊ အဲအချိန်က ကျနော်တို့ သေနတ်သံ အချက် ၁၀ ကျော်လောက်ကြားလိုက်တယ်။ ပြီးတော့ တအိမ်ဝင် တအိမ်ထွက် စစ်တယ် မေးတယ်၊ လူစုလူဝေးရှိတဲ့နေရာတွေကို အဓိက ထားစစ်တယ်၊ ကျနော်တို့ ရပ်ကွက်က ဖမ်းသွားတာတွေရှိတယ်လို့ ကြားတယ်။ မြင်တော့ မမြင်လိုက်ဘူး။ အပြင်လည်း မထွက်ရဘူး ဆိုတော့လေ။”

လက်ရှိမှာတော့ စစ်တွေမြို့ပေါ်မှာ လမ်းသွားလမ်းလာတွေလည်း နည်းပါးနေသလို တချို့ စာသင်ကျောင်းတွေ သင်တန်းကျောင်းတွေနဲ့ ဈေးဆိုင်တချို့ ပိတ်ထားတာကိုတွေ့ ရပြီး စစ်ကောင်စီတပ်သားတွေ လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးတာတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။

စစ်တွေမြို့အတွင်းကို ရေလမ်းကြောင်းနဲ့ လာတဲ့ ခရီးသည်တင် လှေတွေ ဝင်ခွင့်မပြုသလို စစ်တွေကနေ တခြားမြို့နယ်တွေကို ပြေးဆွဲနေတဲ့ ရေယာဉ်တွေကိုလည်း မထွက်ဖို့ စစ်ကောင်စီက တားမြစ်ထားပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒီကနေ့ သွားမယ့် ခရီးသည်တွေက ပြောဆိုကြပါတယ်။

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက စစ်တွေအပါအဝင် ပုံဏ္ဏားကျွန်း ကျောက်တော် မြောက်ဦးနဲ့ ရမ်းဗြဲ စတဲ့ မြို့နယ်တွေမှာ ဒီလအတွင်းကစပြီး ရခိုင်လက်နက်ကိုင်AAအဖွဲ့နဲ့ စစ်ကောင်စီကြား အပြန်အလှန်ဖမ်းဆီးမှုတွေ တိုးလာနေတာလည်းဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့နှစ်ကြား အပြန်အလှန် ဖမ်းဆီးမှုတွေမှာ အရပ်သားတွေကို ခြိမ်းခြောက် ဖမ်းဆီးတာမျိုးမလုပ်ဖို့လည်း မြေပုံမြို့နယ် လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက တိုက်တွန်းပါတယ်။

“ တဘက်နဲ့တဘက် အဲလို ဖမ်းတဲ့နေရာမှာ သက်ဆိုင်သူတွေကို တပ်ဖွဲ့ဝင်တွေကို ဖမ်းတာကောင်းပါတယ်၊ ပြည်သူတွေကိုတော့ အဲလို အစုလိုက် အပြုံလိုက်ဖမ်းပြီးတော့ ခြိမ်းခြောက်တဲ့ အနေနဲ့ အကြပ်ကိုင်တဲ့အနေနဲ့ ULA AA မလုပ်ရဲအောင် ပြည်သူကို ဓားစာခံထားတယ်ဆိုတာကတော့ မလုပ်သင့်ဘူးလို့မြင်ပါတယ်။ ဒီအချိန်မှာ တခုခုကို အရင်လို ကြားခံလူနဲ့ ဖြစ်စေ ညှိနှိုင်းပြီးတော့ ဖြေရှင်းဖို့တော့ လိုတယ်။ မဟုတ်ရင် ဒါကြီးက ဘယ်တော့ ပြီးမလဲ ဆိုပြီး ပြည်သူတွေကလည်း စိတ်ခံစားမှုတွေ ဖြစ်နေကြတယ်။”

စစ်ကောင်စီဘက်က ULA/AA အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို အကြောင်းမျိုးမျိုးပြ ဖမ်းဆီးထားတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည် ဖမ်းဆီးရတာဖြစ်တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဒီလအစောပိုင်းက ပြုလုပ်တဲ့ Online သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတာနဲ့ ပတ်သက်ပြီး အသေးစိတ်မေးမြန်းဖို့ တပ်မတော်သတင်းမှန်ပြန်ကြား တာဝန်ရှိသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရရှိသေးပါဘူး။ ရခိုင်လက်နက် ကိုင် AA အဖွဲ့ဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဘယ်နှစ်ဦး ဖမ်းဆီးထားတယ်ဆိုတာနဲ့ ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။

---------------

XS
SM
MD
LG