သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အသုံးစရိတ် ဒေါ်လာ ၆ ဘီလီယံတိုးမြှင့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကတိပြု 


ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak 
ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak 

{{Zawgyi/Unicode}}

ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်နဲ့ တရုတ်နိုင်ငံရဲ့စိန်ခေါ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် (Rishi Sunak) က လာမယ့်နှစ်နှစ်အတွင်း စစ်တပ်ရန်ပုံငွေကို ပေါင် စတာလင် ၅ ဘီလီယံ - ဒေါ်လာနဲ့ဆိုရင် ၆ ဘီလီယံအထိ တိုးမြှင့်မယ်လို့ ကတိပြုလိုက်ပါတယ်။ ဒီလိုတိုးမြှင့်လိုက်တာဟာ ဗြိတိန်ရဲ့ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးမူဝါဒတွေအတွက် ကြီးမားတဲ့အပြောင်းအလဲ ဖြစ်ပေမယ့် ဒီ ပမာဏာဟာ စစ်တပ်က တောင်းဆိုထားတာထက်တော့ နည်းနေပါသေးတယ်။

ဗြိတိန်ဟာ စစ်အသုံးစရိတ်ကို ရေရှည်မှာ ၂.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားဖို့ ရှိတယ်လို့ ဝန်ကြီးချုပ်ဆူးနက်ခ် (Sunak) က ပြောပေမယ့် ဘယ်တော့ တိုးမြှင့် မယ်ဆိုတာကိုတော့ မသတ်မှတ်ရသေးပါဘူး။ လက်ရှိမှာ စုစုပေါင်း ပြည်တွင်းထုတ်‌လုပ်မှု ဂျီဒီပီ ရဲ့ ၂ ရာခိုင်နှုန်းကျော်ကို ကာကွယ်ရေးအတွက်သုံးစွဲနေပြီး စစ်ဘက်အကြီးအကဲတွေက ဒါကို ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးစေချင်တာပါ။

အခု တိုးမြှင်လိုက်လို့ပိုလာတဲ့ ငွေထဲကတချို့ကို ရုရှားရဲ့ရန်ကိုကာကွယ်နေရတဲ့ ယူကရိန်းစစ်တပ်ကိုထောက်ပံ့ပေးနေလို့ ကုန်သွားတဲ့ ဗြိတိန်ရဲ့ခဲယမ်းမီးကျောက်တွေကို ပြန်လည်ဖြည့်တင်းဖို့ အသုံးပြုပါမယ်။

ဒီထဲက တချို့ကို ယူကေ-အမေရိကန်-သြစတြေးလျ သုံးနိုင်ငံ သဘောတူထားတဲ့ နျူကလီယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ရာမှာ သုံးဖို့ ရှိပါတယ်။

ဝန်ကြီးချုပ်ဆူးနက်ခ်ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ သြစတြေးလျဝန်ကြီးချုပ် အန်ထိုနီ အယ် အယ်လ်ဘာနီးစ် (Anthony Albanese) တို့နဲ့ လာမယ့် တနင်္လာနေ့ ကျရင် ဆန်ဒီရေးဂို (San Diego) မှာ တွေ့ဆုံ ဖို့ ရှိပြီး AUKUS လို့ ခေါ် တဲ့ စစ်ရေးသဘောတူညီချက်အတွက် ရှေ့ဆက်ရမယ့် လုပ်ဆောင်တွေကို အတည်ပြုကြဖို့လည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

==================

{{Unicode}}







XS
SM
MD
LG