သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ေရးရာ အထူးေကာ္မတီဖြဲ႕ေရး ဆုံးျဖတ္ခ်က္ ကန္လႊတ္ေတာ္အတည္ျပဳ


တ႐ုတ္ေရးရာ အထူးေကာ္မတီရဲ႕ဥကၠ႒အျဖစ္ တာဝန္ေပးျခင္းခံရတဲ့ ရီပတ္ဘလစ္ကန္အမတ္ Mike Gallagher 

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံနဲ႔ဆက္ဆံေရးမွာ အေမရိကန္မူဝါဒေတြကို အေစာဆုံး ေရွ႕လထဲ ျပန္လည္သုံးသပ္လိမ့္မယ္လို႔ ခန႔္မွန္းရပါတယ္။ အေမရိကန္ ေအာက္လႊတ္ေတာ္မွာလည္း အဂၤါေန႔ကပဲ တ႐ုတ္ေရးရာ အထူးေကာ္မတီတရပ္ဖြဲ႕စည္းေရး ဆုံးျဖတ္ခ်က္ကို ေထာက္ခံမဲ ၃၆၅ - ကန႔္ကြက္မဲ ၆၅ မဲနဲ႔ အတည္ျပဳလိုက္တာပါ။

ရီပတ္ဘလစ္ကန္အမတ္ Mike Gallagher ကို အဲဒီ တ႐ုတ္ေရးရာေကာ္မတီရဲ႕ဥကၠ႒အျဖစ္ ဦးေဆာင္ေစဖို႔ ေအာက္လႊတ္ေတာ္ဥကၠ႒သစ္ Kevin McCarthy က တာဝန္ေပးခဲ့ၿပီး ပါတီႀကီး ႏွစ္ရပ္စလုံးက လႊတ္ေတာ္အမတ္ေတြနဲ႔ ဒီေကာ္မတီကို ဖြဲ႕စည္းသြားမွာ ျဖစ္ပါတယ္။

ရီပတ္ဘလစ္ကန္အမတ္ အေတာ္မ်ားမ်ား ဒီကိစၥမွာ စိတ္ဝင္စား တက္ႂကြမႈရွိၾကသလို အေကာင္းျမင္စိတ္ရွိၾကေၾကာင္းလည္း Gallagher က VOA တ႐ုတ္ဌာနနဲ႔ ေမးျမန္းရာမွာ ေျပာပါတယ္။ ဒီ တ႐ုတ္ေရးရာအထူးေကာ္မတီကို အေတြ႕အႀကဳံရင့္က်က္တဲ့ သင့္ေလ်ာ္သူေတြနဲ႔ ဖြဲ႕စည္းသြားမယ္လို႔လည္း သူကဆိုပါတယ္။

ဒီေကာ္မတီရဲ႕ပထမဆုံး ၾကားနာပြဲကို ေဖေဖၚဝါရီလလယ္ေလာက္မွာ က်င္းပသြားမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္းနဲ႔ ဒီမိုကရက္ပါတီအမတ္ေတြဘက္ကလည္း စိတ္အားထက္သန္မႈ ရွိေၾကာင္းလည္း Gallagher က ေျပာပါတယ္။

အေမရိကန္ဟာ တ႐ုတ္ကို ကမာၻ႔အသိုင္းဝိုင္းစနစ္မွာပါဝင္ေစမယ့္မူဝါဒကို ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ က်င့္သုံးေနတာျဖစ္ေၾကာင္း မဲမခြဲခင္ကလည္း လႊတ္ေတာ္ဥကၠ႒ McCarthy က ေျပာပါတယ္။

သမၼတအိမ္ျဖဴေတာ္ကလည္း သူတို႔အစိုးရအဖြဲ႕အတြက္ ဒီကိစၥဟာ ဦးစားေပးတရပ္ျဖစ္ တာေၾကာင့္ ဒီေကာ္မတီမွာပါတဲ့ ဒီမိုကရက္ေတြေရာ၊ ရီပတ္ဘလစ္ကင္ေတြနဲ႔ပါ လက္တြဲလုပ္မွာ ျဖစ္ေၾကာင္း ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။ သမၼတဘိုင္ဒန္လက္ထက္မွာ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးနဲ႔ အင္ဒို-ပစိဖိတ္ေဒသတြင္း တခါမွ မရဘူးေသးတဲ့ လြတ္လပ္ပြင့္လင္းမႈေတြ ရရွိေစဖို႔ တ႐ုတ္ႏိုင္ငံကို ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္လို႔ သမၼတအိမ္ျဖဴေျပာခြင့္ရ Karine Jean - Pierre ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========================

တရုတ်ရေးရာ အထူးကော်မတီဖွဲ့ရေး ဆုံးဖြတ်ချက် ကန်လွှတ်တော်အတည်ပြု

တရုတ်နိုင်ငံနဲ့ဆက်ဆံရေးမှာ အမေရိကန်မူဝါဒတွေကို အစောဆုံး ရှေ့လထဲ ပြန်လည်သုံးသပ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အမေရိကန် အောက်လွှတ်တော်မှာလည်း အင်္ဂါနေ့ကပဲ တရုတ်ရေးရာ အထူးကော်မတီတရပ်ဖွဲ့စည်းရေး ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၃၆၅ - ကန့်ကွက်မဲ ၆၅ မဲနဲ့ အတည်ပြုလိုက်တာပါ။

ရီပတ်ဘလစ်ကန်အမတ် Mike Gallagher ကို အဲဒီ တရုတ်ရေးရာကော်မတီရဲ့ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌသစ် Kevin McCarthy က တာဝန်ပေးခဲ့ပြီး ပါတီကြီး နှစ်ရပ်စလုံးက လွှတ်တော်အမတ်တွေနဲ့ ဒီကော်မတီကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်အမတ် အတော်များများ ဒီကိစ္စမှာ စိတ်ဝင်စား တက်ကြွမှုရှိကြသလို အကောင်းမြင်စိတ်ရှိကြကြောင်းလည်း Gallagher က VOA တရုတ်ဌာနနဲ့ မေးမြန်းရာမှာ ပြောပါတယ်။ ဒီ တရုတ်ရေးရာအထူးကော်မတီကို အတွေ့အကြုံရင့်ကျက်တဲ့ သင့်လျော်သူတွေနဲ့ ဖွဲ့စည်းသွားမယ်လို့လည်း သူကဆိုပါတယ်။

ဒီကော်မတီရဲ့ပထမဆုံး ကြားနာပွဲကို ဖေဖေါ်ဝါရီလလယ်လောက်မှာ ကျင်းပသွားမယ်လို့ မျှော်လင့်ထားကြောင်းနဲ့ ဒီမိုကရက်ပါတီအမတ်တွေဘက်ကလည်း စိတ်အားထက်သန်မှု ရှိကြောင်းလည်း Gallagher က ပြောပါတယ်။

အမေရိကန်ဟာ တရုတ်ကို ကမ္ဘာ့အသိုင်းဝိုင်းစနစ်မှာပါဝင်စေမယ့်မူဝါဒကို ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ကျင့်သုံးနေတာဖြစ်ကြောင်း မဲမခွဲခင်ကလည်း လွှတ်တော်ဥက္ကဋ္ဌ McCarthy က ပြောပါတယ်။

သမ္မတအိမ်ဖြူတော်ကလည်း သူတို့အစိုးရအဖွဲ့အတွက် ဒီကိစ္စဟာ ဦးစားပေးတရပ်ဖြစ် တာကြောင့် ဒီကော်မတီမှာပါတဲ့ ဒီမိုကရက်တွေရော၊ ရီပတ်ဘလစ်ကင်တွေနဲ့ပါ လက်တွဲလုပ်မှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ သမ္မတဘိုင်ဒန်လက်ထက်မှာ အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း တခါမှ မရဘူးသေးတဲ့ လွတ်လပ်ပွင့်လင်းမှုတွေ ရရှိစေဖို့ တရုတ်နိုင်ငံကို ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်လို့ သမ္မတအိမ်ဖြူပြောခွင့်ရ Karine Jean - Pierre ကပြောပါတယ်။

XS
SM
MD
LG